တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီးမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

(၁) ငှက်ပျောသီး အပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝ အတိုင်း စားရင် မဝစေ ပါဘူး။

type of banana

(၂) ငှက်ပျောသီးမှာ ကိုလက်စထရော၊ ဆိုဒီယမ်နဲ့ အဆီတွေမပါဝင်ပါဘူး။ ဒါကြောင့် ငှက်ပျောသီးက လူကိုဝစေတယ်ဆိုတာ မမှန်ပါဘူး။

(၃) ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးပါ။ ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ သင့်ကိုဝစေပါလိမ့်မယ်။

(၄) ငှက်ပျောသီးက စွမ်းအင်ချက်ချင်းရရှိစေတာကြောင့် အားကစားသမားတွေအတွက် နံပါတ်တစ်အကောင်းဆုံး အသီးဖြစ်ပါတယ်။

(၅) ငှက်ပျောသီးမှာ သဘာဝသကြားဓာတ်တွေ ဖြစ်တဲ့ Sucrose, Fructose နဲ့ Glucose တွေပါဝင်ပြိး အမျှင်ဓာတ်နဲ့ ပေါင်းကာ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။

(၆) ငှက်ပျောသီးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနဲ့ ခုခံအားဆဲလ်တွေ အတွက်လည်း B6 ကို မရှိမဖြစ်လိုအပ်ပါတယ်။

(၇) ငှက်ပျောသီးမှာ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

(၈) ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာ စေပါတယ်။

(၉) ငှက်ပျောသီးဟာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပါတယ်။

(၁၀) ငှက်ပျောသီးမှာ သဘာဝအက်ဆစ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီးစားပေးနိုင်ပါတယ်။

Ref: Good Health

[Zawgyi]

တျခား သစ္သီးေတြနဲ႔ယွဥ္ရင္ ငွက္ေပ်ာသီးမွာ ကယ္လိုရီနဲ႔ ကာဗိုဟုိက္ဒရိတ္ ပါဝင္မႈ မ်ားတယ္လို႔ထင္ၿပီး ငွက္ေပ်ာသီးစားရင္ ဝေစတယ္လို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ အဲဒီအယူအဆဟာ မမွန္ပါဘူး။ တကယ္ေတာ့ ငွက္ေပ်ာသီးမွာ ေကာင္းက်ဳိးေတြ အမ်ားႀကီး ရွိပါတယ္။

(၁) ငွက္ေပ်ာသီး အပါအဝင္ ဘယ္သစ္သီးမဆို သူတို႔ကို သဘာဝ အတိုင္း စားရင္ မဝေစ ပါဘူး။

type of banana

(၂) ငွက္ေပ်ာသီးမွာ ကိုလက္စထေရာ၊ ဆိုဒီယမ္နဲ႔ အဆီေတြမပါဝင္ပါဘူး။ ဒါေၾကာင့္ ငွက္ေပ်ာသီးက လူကိုဝေစတယ္ဆိုတာ မမွန္ပါဘူး။

(၃) ငွက္ေပ်ာသီးကို ဒီအတိုင္း အစိမ္းစားတာကသာ အေကာင္းဆံုးပါ။ ငွက္ေပ်ာသီးကို ႏို႔၊ ေရခဲမုန္႔၊ သၾကားစတာေတြနဲ႔အတူ ေရာစားရင္ေတာ့ သင့္ကိုဝေစပါလိမ့္မယ္။

(၄) ငွက္ေပ်ာသီးက စြမ္းအင္ခ်က္ခ်င္းရရွိေစတာေၾကာင့္ အားကစားသမားေတြအတြက္ နံပါတ္တစ္အေကာင္းဆံုး အသီးျဖစ္ပါတယ္။

(၅) ငွက္ေပ်ာသီးမွာ သဘာဝသၾကားဓာတ္ေတြ ျဖစ္တဲ့ Sucrose, Fructose နဲ႔ Glucose ေတြပါဝင္ၿပိး အမွ်င္ဓာတ္နဲ႔ ေပါင္းကာ ခႏၶာကိုယ္ကို အားအင္ျဖစ္ေစပါတယ္။

(၆) ငွက္ေပ်ာသီးမွာ ေသြးတြင္းသၾကားဓာတ္အဆင့္ကို ထိန္းသိမ္းရာမွာ ကူညီေပးတဲ့ ဗီတာမင္ B6 ပါဝင္ပါတယ္။ ခႏၶာကုိယ္မွာ ပ႐ိုတင္းေတြ တည္ေဆာက္ဖို႔၊ အာ႐ံုေၾကာနဲ႔ ခုခံအားဆဲလ္ေတြ အတြက္လည္း B6 ကုိ မရွိမျဖစ္လိုအပ္ပါတယ္။

(၇) ငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္လည္း ပါဝင္ၿပီး ဝမ္းခ်ဳပ္တာကို ကာကြယ္ေပးပါတယ္။

(၈) ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္ ပါဝင္မႈလည္းမ်ားတဲ့အတြက္ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိ ေပးၿပီး အမ်ဳိးသမီးေတြမွာ ရာသီမလာခင္ ခံစားရတဲ့ ေဝဒနာေတြကို ေလ်ာ့ပါးသက္သာ ေစပါတယ္။

(၉) ငွက္ေပ်ာသီးဟာ ေသြးနီဥထဲမွာပါတဲ့ ေဟမိုဂလိုဘင္ ထုတ္လုပ္မႈကို လႈံ႔ေဆာ္ေပးတဲ့ အတြက္ ေသြးအားေကာင္းေစပါတယ္။

(၁၀) ငွက္ေပ်ာသီးမွာ သဘာဝအက္ဆစ္ ဆန္႔က်င္တဲ့ ဂုဏ္သတၱိရွိတဲ့အတြက္ ရင္ပူတာကို ခံစားေနရသူေတြဟာ ေလေဆးမေသာက္ဘဲ ငွက္ေပ်ာသီးစားေပးႏိုင္ပါတယ္။

Ref: Good Health