အခုခေတ်မှာတော့ လူအများစုဟာ အစားအစာတွေစားတဲ့ အခါ ဇွန်း၊ ဇွန်းခက်ရင်း၊ တူတို့နဲ့ စားသုံးနေကြပါပြီ။ ဒီလိုစားခြင်းဟာ ပိုပြီး ခေတ်မှီတယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တယ်၊ သပ်သပ်ရပ်ရပ်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စားကြတာပါ။ ဘယ်လိုဖြစ်ဖြစ် မြန်မာတွေရဲ့ ဓလေ့အရ လက်နဲ့ စားခြင်းမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်စေနိုင်တဲ့ အချက်တွေ ရှိနေပါသေးတယ်။

မြန်မာ အများစုဟာ ထမင်းစားတဲ့အခါမှာဖြစ်ဖြစ် အစားအစာတွေ စားတဲ့အခါမှာဖြစ်ဖြစ် လက်နဲ့ စားကြတာများပါတယ်။ ဒီလိုစားတဲ့အခါ အရင်ဦးဆုံး လက်ကို စင်ကြယ်အောင် ဆေးဖို့တော့ သတိထားရပါမယ်။

လက်နဲ့ အစားအစာတွေကို စားခြင်းဟာ

၁။ ပါးစပ်အပူလောင်ခြင်းကနေ ကာကွယ်ပေးပါတယ်

Source: Detechter

အစားအစာတွေကို လက်နဲ့ အရင်ထိတွေ့တာ ဖြစ်တဲ့ အတွက် ပူတဲ့ အသိကို လက်ကနေ အရင် သိပါတယ်။ အချို့အစားအစာတွေဟာ အငွေ့ မထွက်ဘဲ တအား ပူနေတာမျိုးတွေ ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာ လက်နဲ့ ထိတွေ့လိုက်တဲ့ အခါ ပူတယ်ဆိုတာ အရင်သိသွားစေနိုင်လို့ပါ။ အရမ်းပူတဲ့ အစားအစာတွေကို တန်းစားမိရင် ခံစားရခက်တဲ့ လျှာအပူလောင်ခြင်းကို ဖြစ်စေမှာပါ။

၂။ အစာကြေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်

Source: StateFoodSafety.com

အစားအစာတွေကို လက်နဲ့ ထိတွေ့လိုက်တဲ့အခါ ဦးနှောက်ဟာ အစာအိမ်ကို အချက်ပြပါတယ်။ ဒါကြောင့် လက်နဲ့ စားခြင်းဟာ အစာကြေဖို့ အတွက် ပိုပြီး လွယ်ကူစေတာပါ။

၃။ ပိုးမွှားတွေကို ကာကွယ်ပေး

Source: Storypick

ကိုယ်ထဲမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ ပိုးတွေဟာ ပြင်ပကနေ ၀င်လာမယ့် ပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ အစားအစာတွေကို လက်နဲ့ ထိတွေ့တဲ့ အခါ ပိုးတွေဟာ အဆင်သင့်ဖြစ်နေပြီး ၀င်ရောက်လာနိုင်တဲ့ အခြားမကောင်းတဲ့ ပိုးတွေကို တိုက်ပေးပါတယ်။ ဒါပေမယ့် လက်ကိုတော့ အစာမစားခင် သေချာစွာ ဆေးကြောဖို့ လိုပါတယ်။ လက်သည်းအပါအ၀င် လက်ချောင်းများ အားလုံး သန့်စင်ပြီးမှ အစားအစာတွေကို စား ပါ။ အစာစားပြီးတဲ့ အခါမှာလည်း ထပ်မံ ဆေးကြောပေးပါ။

Source: zeenews