သင်က နှလုံးရောဂါဖြစ်မှာကို စိုးရိမ်နေသူပါသလား။ ဒါမှမဟုတ် မိသားစုက နှလုံးရောဂါဖြစ်ပွားဖူးတဲ့ ရာဇဝင်ရှိပါသလား။

နှလုံးကျန်းမာရေးကောင်းဖို့အတွက် ပြုလုပ်ပေးသင့်တဲ့ စားသောက်မှုပုံစံများကို ဝေမျှချင်ပါတယ်။

Omega 3 ပါဝင်မှုများတဲ့ အစားအစာများကို စားပါ

Omega 3 and 6

Omega 3 Fatty အက်ဆစ်က နှလုံးရောဂါအတွက် အကောင်းဆုံးပါဘဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Omega 3 Fatty အက်ဆစ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ် (LDL)တွေကို လျော့ချပေးပြီး သွေးကြောတွေ ရောင်ရမ်းတာ သွေးကြောတွေကျဉ်းတာတွေကို ကာကွယ်ပေးပါတယ်။

အဆီများတဲ့ ငါးများ

နေကြာစေ့

ထောပတ်သီး

သံလွင်ဆီ

အခွံမာသီး တို့ကို များများစားပေးပါ။

လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားပါ

Vegetable Heart

လတ်ဆတ်နဲံ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးတာက နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ်တွေနဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပြီး သွေးတိုးကိုလည်း ကာကွယ်ပေးပါတယ်။

Citrus အသီးများ (ဥပမာ သံပုရာသီး၊ ရှောက်သီး၊ Grapefruit စသည်)

ပန်းသီးနဲ့ သစ်တော်သီး

သင်္ဘောသီး

နာနတ်သီး

အစိမ်းရောင် အရွက်များ

မုန်လာဥနီ

ခရမ်းချဉ်သီး

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

အဆီဓာတ်ကို ပြည့်စုံအောင်စားပါ

တချို့က အဆီဓာတ်ကို ဖြတ်လိုက်ရုံနဲ့ ကိုယ်အလေးချိန်လျော့ပြီး နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။

ခန္ဓာကိုယ်က ကောင်းတဲ့ အဆီဓာတ်တွေလည်း လိုအပ်ပါတယ်။ ပြည့်ဝဆီ (Saturated Fat) တွေက သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရော ဓာတ်တွေကို မြင့်စေပြီး နှလုံးကျန်းမာရေးကို ထိ ခိုက်နိုင်ပါတယ်။

ဒါပေမယ့် Monounsaturated နဲ့ Polyunsaturated Fatty အက်ဆစ်တွေက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် အကျိုးရှိမယ့် ဆီတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။