စမ်းသပ်မှု အသစ်အရ အစပ်များများစားပေးခြင်းက အသက်ရှည်စေတယ်လို့ သိရပါတယ်။ Vermont တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက အမေရိကန်ရှိ လူပေါင်း ၁၆၀၀၀ရဲ့ စားသောက်မှုစနစ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြတယ်။ စမ်းသပ်မေးခွန်းကတော့ “ငရုတ်သီးစိမ်းကို စားလေ့ရှိသလား။ ဘယ်နှရက်တစ်ခါစားသလဲ” လို့ပဲဖြစ်ပါတယ်။

ရရှိလာတဲ့ အဖြေတွေကို ကောက်ချက်ချတဲ့အခါမှာတော့ ငရုတ်သီးစိမ်းမကြာခဏစားတဲ့လူတွေက ဘဝသက်တမ်းရဲ့ ၁၈နှစ်လောက်ပိုပြီး အသက်ရှည်နိုင်ချေရှိတာကိုတွေ့ရပါတယ်။ ငရုတ်သီးစိမ်းနဲ့ အသက်ရှည်ခြင်းရဲ့ကြားက ကွာဟချက်ကို အတိအကျမပြောနိုင်ပေမယ့်လည်း အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာပြုလုပ်ကြတဲ့ စမ်းသပ်မှုရဲ့ ရလဒ်ကလည်း ဒီအတိုင်း ထပ်တူညီတာပါပဲ။

ဒါဆို ငရုတ်သီးစိမ်းက ဘာများထူးခြားလို့လဲ။ ငရုတ်သီးစိမ်းမှာ ဗီတာမင် ဘီ၊စီ နဲ့ ဗီတာမင်အေတို့ပါဝင်ပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ အာဟာရဓာတ်ပစ္စည်းဖြစ်တဲ့ Capsaicin ပါဝင်တာကြောင့် နှလုံးရောဂါနဲ့ အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီ့ Capsaicin ကငရုတ်သီးစိမ်းအမျိုးအစားတိုးမှာပါဝင်ပြီး ပူစပ်မှုကိုဖြစ်စေပါတယ်။

ဒီ့အပြင် အစပ်စားခြင်းက ခန္ဓာကိုယ်အလေးချိန်လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ အစပ်ပါတဲ့အစားအစာ စားတဲ့အခါ စားသောက်နှုန်းကို သာမန်ထက်လျော့ကျစေတဲ့အတွက် ဗိုက်ပြည့်တာနဲ့ မစားနိုင်အောင်ကန့်သတ်ပေးပါတယ်။

အစပ်များများစား၍ အသက်မြဲမြဲရှည်စေပါ။

Source: Good Housekeeping