လူနေမှုပုံစံ ပြောင်းလဲခြင်း၊ အလုပ်ရော၊အိမ်မှာပါ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဆီးချို ဖြစ်ပွားမှုနှုန်းတွေ တိုးများနေပါတယ်။

ဒါ့ကြောင့် ဆီးချို ရောဂါမဖြစ်အောင် စားသုံးပေးသင့်တဲ့ အိမ်တွင်းဆေးဝါးတွေကို ဝေမျှပေးချင်ပါတယ်။

သာဂူရွက် (Sage)

မနက်မိုးလင်း ဗိုက်ထဲမှာ အစာမရှိခင်မှာ သာဂူရွက် (Sage) ကို စားသုံးပေးရင် သွေးထဲက အချိုဓာတ်ကို ကျစေပါတယ်။ အထူးသဖြင့် Type 2 ဆီးချိုသမားတွေအတွက် ကောင်းပါတယ်။

Sage ကို ရေနွေးထဲခပ်ပြီး သောက်သုံးတာ အကောင်းဆုံးပါဘဲ။

ဒါမှမဟုတ်ရင် သာဂူရွက် (Sage) ကို ဝါးပြီး သို့ အစားအသောက်ထဲထည့်ပြီး စားလို့ရပါတယ်။ Sage ရေနွေးကြမ်းလုပ်သောက်ချင်ရင် Sage ရွက် ၁ ရွက်ကနေ ၂ ရွက်ကို ရေနွေးပူပူတစ်ခွက်ထဲထည့်ပြီး ၅ မိနစ်လောက်ထားပြီး သောက်ပါ။

အရွက်ခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ခွက် ၂ ခွက်၊ ၃ ခွက်စာလောက်ထဲ ခပ်ထည့်ပြီး နေ့တိုင်း သောက်ပေးပါ။ မနက်မိုးလင်းဗိုက်ထဲမှာ အစာမရှိခင် သောက်ပေးပါ။

ဂျင်း

ဂျင်းက သွေးထဲက ကလူးကို့စ် အဆင့်ကို လျော့ကျစေပါတယ်။ သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် ကို ပိုတိုးမြင့်ပေးပါတယ်။

ဂျင်းအနည်းငယ်ကို ဒီအတိုင်း ဝါးစားလို့ရသလို အစားအစာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လည်းရပါတယ်။

တစ်နေ့ကို ဂျင်း ၁ လက်မကနေ ၂ လက်မ ကြားလောက်စားသုံးပေးသင့်ပါတယ်။

ဂျင်း ၁ လက်မ ကနေ ၂ လက်မကြားကို ရေနွေးထဲထည့်ပြီး ရေနွေးကြမ်းအဖြစ်လည်း သောက်သုံးနိုင်ပါတယ်။ ညနေ ၆ နာရီနောက်ပိုင်းကိုတော့ မသောက်သုံးသင့်တော့ပါဘူး။