သွားချေးလွှာတွေ၊ သွားကျောက်တွေနဲ့ ဘယ်လောက်ကြာကြာနေသားကျနေကြပြီလဲဆိုတာ ပြန်စဉ်းစားမိကြမှာပါ။

ဒီလိုသွားကျောက်တည်၊ သွားချေးလွှာတွေကနေတစ်ဆင့် ဘက်တီးရီးယားတွေဝင်ရောက်ပြီး သွားဖုံးရောဂါမျိုးတွေ၊ သွားသွေးယိုတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒီလို သွားရောဂါတွေက သွားဆရာဝန်တွေရဲ့ ညွှန်ကြားမှုကို သေချာဂရုစိုက်ပြီး နေ့စဉ်သွားသေချာတိုက်တာနဲ့ ကာကွယ်ထားလို့ရပါတယ်။

သွားဖုံးရောဂါတွေဘာကြောင့်ဖြစ်နိုင်သလဲ

ဆေးလိပ်သောက်တာလည်း သွားဖုံးရောဂါတွေဖြစ်နိုင်တဲ့အချက်တစ်ချက်ပါ။

ဟော်မှုန်းပြောင်းလဲတာ

ဆီးချိုရောဂါ ဝေဒနာရှင်တွေ

ကင်ဆာသို့ AIDS ဝေဒနာရှင်တွေ

တခြားရောဂါကြောင့် ဆေးဝါးတွေသောက်သုံးနေရင်သူတွေ

လက္ခဏာများ

ခံတွင်းအနံ့ဆိုး

သွားဖုံးတွေ သွေးထွက်၊ ရောင်ရမ်း၊

ဝါးနေချိန် နာကျင်တာ

သွားကျွတ်ထွက်

သွားနာတာ

နနွင်း

နနွင်းမှာ ရောင်ရမ်းတာတွေနဲ့ ဘက်တီးရီးယားတွေ လျော့ချသေစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ သွားချေးလွှာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

နနွင်း စားပွဲတင်ဇွန်း ၄ ဇွန်း

ဆား စားပွဲတင်ဇွန်း ၁ဇွန်းရဲ့ တစ်ဝက်

ရေ ၁ခွက်ရဲ့ တစ်ဝက်

ပြုလုပ်နည်း

နနွင်း နဲ့ ဆားကို ရေထဲထည့်ပြီး မွှေလိုက်ပါ။ ပျစ်ပျစ်လေးဖြစ်သွားရင် လက်ချောင်းလေးတွေသုံးပြီး သွားတွေနဲ့ သွားချေးလွှာတွေ၊ ကျောက်တွေကို ပွတ်ပေးပါ။ ၁၅ မိနစ်လောက်နေရင် ရေနွေးနွေးနဲ့ပလုပ်ကျင်းပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပေးလို့ရပါတယ်။