ရေကျောက်ရောဂါက အသက်သေစေနိုင်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပေမယ့် စိတ်မသက်သာမှု၊ နာကျင်မှုတွေကိုတော့ ခံစားရတတ်ပါတယ်။ ရောဂါခံစားရသူက အနည်းဆုံး ၁ ရက်၊ ၂ ရက်ကနေ အများဆုံး တစ်ပတ်အထိ ခံစားရတတ်ပါတယ်။

ဒါပေမဲ့ ရောဂါမြန်မြန်သက်သာချင်တယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းဆေးနည်းလေးတွေရှိပါတယ်။

ရှားစောင်းလက်ပတ်အသုံးပြုပါ

ရှားစောင်းလက်ပတ်ရဲ့ ဂျယ်လ်များကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပြီး အလုံပိတ်ဘူးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ရေကျောက်ပေါက်နေသော အနီစက်တွေပေါ်သို့ ရှားစောင်းလက်ပတ်ဂျယ်လ်များ လိမ်းကျံပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်များကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ထိုရှားစောင်းလက်ပတ်ဂျယ်လ်များကို ၇ ရက်အတွင်း အသုံးပြုနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ ၁၈၀ ဂရမ်နှင့် ရေနွေးနွေး တစ်ဇလုံခန့်တို့ လိုအပ်ပါလိမ့်မယ်။ ရေချိုးကန်ထဲသို့ ရေနွေးနွေးလေးတွေ လောင်းထည့်ပြီး မုန့်ဖုတ်ဆိုဒါများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထိုရေချိုးကျန်ထဲတွင် ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ရေစိမ်နေလိုက်ပါ။ နေ့တိုင်းရေစိမ်ပေးလိုက်မယ်ဆိုရင် ခံစားနေရတဲ့ ရောဂါဝေဒနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

တမာရွက်အသုံးပြုပါ

တမာရွက် လက်တစ်ဆုပ်စာခန့်ကို အနှစ်များပရအောင် ထောင်းပေးလိုက်ပါ။ ထိုပနောက် ရေအနည်းငယ်ဖြင့် ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့ တမာရည်နှင့် တမာနှစ်တို့ကို အနီစက်တွေပေါ် သုတ်လိမ်းပေးလိုက်ပါ။

ဒါမှမဟုတ် တမာရွက်ကို ရေချိုးကန်ထဲထည့်ကာ ရေစိမ်ပေးလို့လည်း ရပါတယ်။ ဒီနည်းလမ်းကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

သံပုယိုရည် အသုံးပြုပါ

သံပုယိုရည် (သို့) သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ ၂၅၀ မီလီလီတာဖြင့် ရောပေးပြီးနောက် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဝါဂွမ်းစအနည်းငယ်ကို သံပုရာရည်ထဲ နှစ်လိုက်ပြီးနောက် ရေကျောက်ပေါက်နေသောအသားအရေပေါ် ပွတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် ထားထားပြီးနောက် သန့်စင်သော အဝတ်စအစိုဖြင့် စင်ကြယ်အောင် ပွတ်တိုက်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်နေ့ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

Source: Stylecraze.com