အရမ်းကြီးပိန်ပြီး အရိုးဂေါက်ဂက်နဲ့ဆိုရင် ဘာဝတ်ဝတ်လှမှာမဟုတ်ပါဘူး။ အားနည်းသလို အာဟာရမရှိသလို ဖြစ်နေမှာပါ။

ဒါ့ကြောင့် ကိုယ်အလေးချိန် တက်စေမယ့် အစားအစာများကို ဝေမျှပေးချင်ပါတယ်။

ကယ်လိုရီပါဝင်မှုများတဲ့ အရည်တွေကို သောက်ပါ

ကယ်လိုရီပါဝင်မှုများတဲ့ အရည်တွေကို သောက်ပါ။ ဥပမာ ချောကလက် Milk Shake တို့လိုဖျော်ရည်ကို များများသောက်ပေးပါ။

အာဟာရပြည့်ဝတဲ့ အစားအစာကို စားပေးပါ

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းများ၊ ပေါင်မုန့်၊ ပရိုတင်းဓာတ်များတဲ့ အစားအစာများကို အဓိကစားသုံးပေးပါ။

ခဏခဏ စားပါ

ကိုယ်အလေးချိန် နည်းတဲ့သူတွေက တစ်နေ့ကို ထမင်း ၂ ကြိမ်၊ ၃ ကြိမ်လောက်စားသုံးပေးပါ။ အနည်းဆုံး ၆ ကြိမ်လောက်စားသုံးပေးပါ။ တစ်ခါစားရင် အများကြီး မစားဘဲ နည်းနည်းကို ခဏခဏ စားပေးပါ။

လေ့ကျင့်ခန်းလုပ်ပေးပါ

ကြွက်သားတွေကိုတည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးပါ။ ဒီလေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကို တက်စေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပေးရင် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အစာစားချင်စိတ်ကို မြှင့်တင်ပေးပါတယ်။

အခွံမာသီးတွေကို များများစားပါ

အခွံမာအသီးတွေဖြစ်တဲ့ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ မြေပဲ နဲ့ ဗာဒံစေ့တို့ကို များများစားပါ။ အမျှင်ဓာတ်၊ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို လက်တစ်စုပ်စာလောက် စားပေးပါ။