အရိုးဘဲရှိတဲ့ ခန္ဓာကိုယ်ကြောင့် စိတ်ညစ်နေပါသလား။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရရှိဖို့ လုံလောက်တဲ့ ကိုယ်အလေးချိန်လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ကိုယ်အလေးချိန်တက်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

အခွံမာ အစေ့တွေစားပါ

မြေပဲ၊ သီဟိုစေ့၊ Almonds စေ့ စတာတွေကို စားသုံးပေးပါ။ အခွံမာအစေ့တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ အဆီဓာတ်တွေပါဝင်ပါတယ်။ တစ်နေ့ကို အခွံမာ အစေ့တွေ လက်တစ်စုပ်စာလောက်စားပေးပါ။ 1လလောက် ဆက်တိုက်စားပေးရင် သိသာလာပါလိမ့်မယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားသုံးပါ

ကယ်လိုရီများများပါဝင်တဲ့ ဆီတွေဖြစ်တဲ့ သံလွင်ဆီ တို့ တခြား ဆီတွေကို စားသုံးပေးပါ။ ဥပမာ ကွေကာအုပ် တို့ တခြား အသုတ်တွေ စားတဲ့နေရာမှာလည်း သံလွင်ဆီကို ထည့်သွင်းစားသုံးသင့်ပါတယ်။ ထောပတ်ကလည်း ကိုယ်အလေးချိန်တက်ဖို့အတွက် အကောင်းဆုံးပါဘဲ။

ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို မွှေပြီး ဗိုက်ထဲဘာမှမမရှိခင် ထည့်ပြီး စားပေးပါ။ ကယ်လိုရီပါဝင်မှုများတဲ့ မြေပဲထောပတ်စားရင် ပိုကောင်းပါတယ်။ မြေပဲထောပတ်ကို ပေါင်မုန့်ပေါ်မှာ သုတ်ပြီး မနက်စာအဖြစ် စားပေးပါ။

ခဏခဏ စားပေးပါ

ပိန်တဲ့သူတွေက တစ်နေ့ကို ၃နပ်ထက်ပိုပြီး စားပေးသင့်ပါတယ်။ အနည်းဆုံး ၆ခါလောက် စားသုံးပေးပါ။ တခါတည်း အများကြီးစားတာထက် ခဏခဏ စားပေးတာပိုကောင်းပါတယ်။

အာဟာရ ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးပါ

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ထမင်း စတာတွေမှာ အာာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါတွေကို များများစားရင် ကိုယ်အလေးချိန်တက်စေပါတယ်။

ကယ်လိုရီများတဲ့ အအေးတွေများများသောက်ပါ

ကယ်လိုရီများတဲ့ အအေးဆိုတာက ဆိုဒါ ဖျော်ရည်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ ကယ်လိုရီများများပါဝင်ပေမယ့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ချောကလက် မစ်ရှိတ်လိုမျိုး ကယ်လိုရီများတဲ့ အအေးတွေများများသောက်ပေးပါ။

Photo Credit : www.findhomeremedy.com