မိဘတိုင်းက ကိုယ့်သားသမီးတွေ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာကို မြင်ချင်ကြပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နှေးကွေးစေမယ့် အတားအဆီး အသေးအဖွဲလေးကိုတောင် အဖြစ်မခံနိုင်ကြပါဘူး။

ငယ်ရွယ်စဉ်ကတည်းက မှန်ကန်စွာပြုစုပျိုးထောင်ပေးခြင်းက သင့်ကလေးတွေရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေဖို့ခြေလှမ်းအစဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးမှန်ကန်စွာ ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်ဖို့အတွက် အကျိုးရှိစေမယ့်နည်းလမ်း မျှဝေပေးလိုက်ပါတယ်။

၁။ ပြည့်စုံမျှတတဲ့အာဟာရ

သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုထောက်ပံ့ပေးဖို့ ကယ်လစီယမ်ဓာတ်၊ ပရိုတိန်းဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်များကြွယ်ဝစွာပါရှိသော အစားအစာများကိုကျွေးမွေးပါ။ ဇင့်ပါသောအစားအစာတွေကလည်း သင့်ကလေးရဲ့ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။ မြေပဲ၊ ရွှေဖရုံသီး၊ ဂဏန်း စတဲ့ သံဓာတ်ကြွယ်ဝသော အစားအစာများကို မှီဝဲစားသုံးခိုင်းပါ။

၂။ ပတ်ဝန်းကျင်ကောင်း

မိဘတွေအနေနဲ့ ကလေးများကျန်းမာပျော်ရွင်စွာနဲ့ ဘဝကိုဖြတ်သန်းဖို့အတွက် ကောင်းမွန်သောပတ်ဝန်းကျင်ကောင်းရရှိအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ မိဘများအနေနဲ့ ကလေးငယ်များအတွက်အချိန်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် ပြုလုပ်ပေးမယ်ဆိုရင် ကလေးများအရွယ်ရောက်လာတဲ့အခါ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်လာပါလိမ့်မယ်။

၃။ ကိုယ်လက်လှုပ်ရှားအားကစား

အသက်၂နှစ်ကနေ ၅နှစ်အရွယ်ကလေးများကို အကသင်တန်းများ၊ ပြေးလွှားခြင်းများပြုလုပ်စေပြီး အသက်၆နှစ်ကနေ ၁၂နှစ်အရွယ်ကလေးများအတွက်ကတော့ စက်ဘီးစီးခြင်း၊ ပြေးခြင်းနဲ့ အားကစားအမျိုးမျိုးကို ပြုလုပ်ပေးခြင်းက သူတို့ကျန်းကျန်းမာမာကြီးထွားလာအောင် ကူညီပေးပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ကျောင်းစာသာမက သူတို့ဝါသနာပါတဲ့အရာလေးတွေကို မျှတစွာလုပ်ဆောင်တတ်စေဖို့ ပြုစုပျိုထောင်ပေးသင့်ပါတယ်။

၎။အရပ်ရှည်ခြင်းကို အထောက်အကူပြုသော လေ့ကျင့်ခန်းများ

ဘတ်စကတ်ဘောကစားခြင်း၊ တင်းနစ်ကစားခြင်း၊ ကြက်တောင်ရိုက်ခြင်းတွေက ခုန်ပေါက်ရတဲ့အတွက်ကြောင့် အရပ်ရှည်ဖို့အတွက် အကောင်းဆုံးအားကစားပဲဖြစ်ပါတယ်။

၅။ ကောင်းစွာအိပ်စက်အနားယူခြင်း

အသက်၃နှစ်ကနေ ၅နှစ်အရွယ်ကလေးများက အိပ်ချိန်၁၀နာရီကနေ ၁၃နာရီခန့်ရရှိသင့်ပြီး အသက်၆နှစ်ကနေ ၁၃နှစ်ကလေးများကတော့ အိပ်ချိန်၉ နာရီကနေ ၁၁နာရီခန့် အိပ်စက်သင့်ပါတယ်။ ကလေးငယ်များ ညဘက်စောစောအိပ်ရာဝင်ဖို့ကိုလည်း မိဘများက ဂရုစိုက်သင့်ပါတယ်။

၆။ ကလေးများအား အတင်းဖိအားပေးခြင်း ရှောင်ကြဉ်ပါ

မိဘများအနေနဲ့ ကလေးငယ်များ မိမိပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ကောင်းတဲ့အမူအကျင့်တွေ ပိုင်ဆိုင်နိုင်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်များ စိတ်ဖိစီးမှုကင်းဝေးပြီး ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းကာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့က မိဘတိုင်းရဲ့တာဝန်ပါပဲ။

၇။ ဖြည့်စွက်စာများ

သင့်ကလေးနေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဖြည့်စွက်စာကို ရွေးချယ်စရာတစ်ခုအဖြစ် ထည့်သွင်းပေးခြင်းဟာလည်း သင့်ကလေးကြီးထွားဖွံ့ဖြိုးစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

PediaSureမှာ ကလေးတွေနေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ် (၃၇)မျိုး ပါဝင်ပြီး ကိုယ်ခံစွမ်းအားနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ရန် သိပ္ပံနည်းကျ စီမံဖော်စပ်ထားတာကြောင့် ကလေးတွေရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ PediaSureသည် ပရိုတင်း၊ သတ္တုဓာတ်နှင့် ဗီတာမင်များအတွက် US စားသောက်မှုဆိုင်ရာ ညွှန်းဆိုမှုစံ နှုန်းကိုပြည့်မှီအောင် ပေးစွမ်းနိုင်သည့် အသက် ၃ နှစ်မှ ၁၀ နှစ် ကလေးငယ်များ သောက်သုံးနိုင်သော ဖော်စပ်ဖြည့်စွက်စာ ဖြစ်ပါတယ်။