ကြက်ဥ နဲ့ ချိစ် အသားညှပ်ပေါင်မုန့် ပုံစံ ဆန်းဆန်းလေးကို လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၈ ချပ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ကြက်သွန်ဖြူ ၂ လုံး

  • ချိစ် ၁၀၀ ဂရမ်
  • Mayonnaise စားပွဲတင်ဇွန်း ၂ ဇွန်း
  • နံနံပင်၊ ဆားနဲ့ ငရုတ်ကောင်း

ပြုလုပ်နည်း

ရေခဲသေတ္တာထဲကနေ ထောပတ်ကို ထုတ်လိုက်ပြီး အခန်းအပူချိန်နဲ့ အနည်းငယ်ပျော်အောင် လုပ်လိုက်ပါ။

ပြီးရင် ပေါင်မုန့် ၂ ဖက်လုံးကို ထောပတ်သုတ်လိုက်ပါ။

ဒယ်အိုးပြားထဲထည့်ပြီး ပေါင်မုန့်တွေ ရွှေညိုရောင်ပြောင်းတဲ့အထိ ဖုတ်လိုက်ပါ။

ကြက်ဥကို ကျက်အောင်ပြုတ်လိုက်ပြီး သေးသေးလေးတွေ လှီးလိုက်ပါ။

ချိစ်ကို ဂျစ်နဲ့ ခြစ်လိုက်ပြီး ကြက်သွန်ဖြူနဲ့ ကြက်ဥနဲ့ ရောလိုက်ပါ။ ဆားနဲ့ ငရုတ်ကောင်းနဲ့ Mayonnaise ပါထည့်ပါ။

ပြီးရင် ပေါင်မုန့်အပေါ်မှာ ဖြူးလိုက်ပြီး နံနံပင်နဲ့ အလှဆင်လိုက်ပါ။ စတော်ဘယ်ရီသီးလေးကို အပေါ်မှာတင်ပြီး အလှဆင်လည်းရပါတယ်။

ကြက်ဥနဲ့ချီစ် အသားညှပ်ပေါင်မုန့်