အရပ်ရှည်တာက ကိုယ့်မျိုးရိုး (Genes) ပေါ် မူတည်ပေမယ့်လည်း လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေ ပြည့်စုံရင် အရပ်ကို ပိုရှည်စေပါတယ်။

အရည်ရှည်ဖို့အတွက် အရိုးတွေက ကျန်းမာပြီး သန်မာနေဖို့ လိုအပ်ပါတယ်။ အာဟာရသင့်တင့်မျှတတဲ့ နေထိုင်စားသောက်မှုပုံစံ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ လုံလောက်ဖို့ လိုအပ်ပါတယ်။

ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကို ကြီးထွားစေဖို့ အဓိက ကျပါတယ်။

အရပ်ရှည်ဖို့ လိုအပ်တဲ့ ဗီတာမင်ဓာတ်များ

ဗီတာမင် D

ဗီတာမင် D က အရိုးတွေ ကို သန်မာ၊ ရှည်စေတဲ့ အဓိက ဗီတာမင် ဖြစ်ပါတယ်။ အကယ်၍ ဗီတာမင် D ဓာတ် လုံလောက်စွာမရရင် အရိုးတွေ သွားတွေက အားနည်းလာပါလိမ့်မယ်။ ဗီတာမင် D ဓာတ်ကို နေရောင်ခြည်ကနေလည်း ရနိုင်ပါတယ်။ အစားအသောက်တွေထဲမှာဆိုရင် နွားနို့၊ ခရမ်းချဉ်သီး၊ အာလူး၊ ပန်းဂေါ်ဖီ၊ Citrus အသီးတွေ (သံပုရာသီး၊ သံပုယိုသီး၊ လိမ္မော်သီး စသည်) တို့ စားပေးသင့်ပါတယ်။

ဗီတာမင် B1

ဒီဗီတာမင် ဓာတ်က အရက်ရှည်ဖို့ ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် အစာခြေစနစ်ကိုလည်း အားကောင်းစေပြီး ကျန်းမာတဲ့ နှလုံးနဲ့ အာရုံကြောစနစ်ဖြစ်စေဖို့ ထိန်းသိမ်းပေးကာ ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ အာဟာရတွေကို သွေးကနေ ပုံမှန် ပို့ပေးတဲ့နေရာမှာ အထောက်အပံ့ပေးပါတယ်။ ဆန်၊ မြေပဲ၊ ဝက်သား၊ ပဲပုပ်တို့မှာ ဗီတာမင် B1 ကြွယ်ဝစွာပါဝင်နေပါတယ်။

ဗီတာမင် B2

Riboflavin ဓာတ်လို့လည်း ခေါ်ပြီး အရပ်မြင့်ဖို့အတွက် အဓိကကျတဲ့ ဓာတ်ဖြစ်ပါတယ်။ အရိုး၊ အသားအရေ၊ ဆံပင်နဲ့ လက်သည်းတွေ ကြီးထွားဖို့အတွက် အထောက်အပံ့ပေးပါတယ်။ ဗီတာမင် B2 ပါဝင်မှုများတဲ့ အစားအစာတွေက ကြက်ဥ၊ ဘဲဥ၊ ငါး၊ နွားနို့ နဲ့စိမ်းတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။

ကယ်ဆီယမ်

ကယ်ဆီယမ်ဓာတ်က အရိုးရဲ့ သန်မာမှုကို မြှင့်တင်ပေးပြီး အရပ်ကို ရှည်ထွက်စေပါတယ်။ နွားနို့ နဲ့ နို့ထွက်ပစ္စည်းတွေကနေ ကယ်ဆီယမ်ဓာတ်ကို အဓိက ရရှိပါတယ်။

ဗီတာမင် စီ

ဗီတာမင်စီတွေက အရိုးနဲ့ သွားတွေကို ကြီးထွားခိုင်မာအောင် ကူညီပေးပါတယ်။ Antioxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဖျားနာမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး၊ အာလူး၊ Citrus အသီးအနှံတွေနဲ့ ဘယ်ရီသီးတွေမှာ အများဆုံးပါဝင်ပါတယ်။

အသက်အရွယ်အလိုက် ကယ်ဆီယမ်လိုအပ်ချက်များ

၁ နှစ်ကနေ ၃ နှစ်။ ကယ်ဆီယမ် 500 mg

၎ နှစ်ကနေ ၈ နှစ်။ ကယ်ဆီယမ် 800 mg

၉  နှစ်ကနေ ၁၈ နှစ်။ ကယ်ဆီယမ် 1300 mg

၁၉  နှစ်ကနေ နှစ် ၅၀။ ကယ်ဆီယမ် 1000 ကနေ 1200 mg ကြားလိုအပ်ပါတယ်။