သင်္ဘောသီးက ရောင်ရမ်းတာကို လျော့ကျစေပြီး ရောဂါပိုးမွှားတွေ ဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။

သင်္ဘောသီးတစ်လုံးမှာ ကယ်လိုရီ ၅၉ ၊ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ပရိုတင်း ဓာတ် ၁ ဂရမ်၊ ဗီတာမင်စီ၊ ဗီတာမင် အေ၊ ဗီတာမင် B9 ၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ် ဓာတ်တို့ပါဝင်ပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

သင်္ဘောသီးမှာ Lycopene နဲ့ ဗီတာမင် စီ တို့ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

ပါဝင်တဲ့ Antioxidant တွေကလည်း နှလုံးရောဂါကို ကာကွယ်ပေးပြီး ကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို တိုးမြှင့်ပေးပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေ

သင်္ဘောသီးမှာ Papain ဆိုတဲ့ အင်ဇိုင်းပါဝင်တာကြောင့် ပရိုတင်းဓာတ်တွေကို အလွယ်တကူ ခြေဖျက်ပေးနိုင်ပါတယ်။

အသားအရေ ပျက်စီးတာကို သက်သာပျောက်ကင်းစေ

သင်္ဘောသီးက အသားအရေကို ပိုပြီး ကြည်လင်လှပစေပြီး နူးညံ့စေပါတယ်။ ခန္ဓာကိုယ်ထဲက Free Radical တွေက အသားအရေ တွန့်၊ အရေးအကြောင်းနဲ့အသားအရေ ပျက်စီးမှုတွေဖြစ်စေပါတယ်။

သင်္ဘောသီးက အဲ့ဒီ Free Radical တွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ဗီတာမင်စီ နဲ့Lycopene ဓာတ်တွေက အသားအရေကို ကာကွယ်ပေးပြီး အိုးမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

အမည်းစက်တွေနဲ့ နေလောင်ဓာတ်တွေကိုလည်း Lycopene ဓာတ်က ပျောက်ကင်းအောင် လုပ်ဆောင်ပေးပါတယ်။