ငှက်ပျောသီး
ငှက်ပျောသီး စားနေတဲ့သူတွေ၊ ငှက်ပျောသီး စားပြီးတဲ့သူတွေနားမှ ခြင်တွေပိုလာ၊ ပိုကိုက်တတ်ပါတယ်။
ငရုတ်သီး
ငရုတ်သီးရဲ့ အရောင်တွေက ပိုနီရင် ပိုစပ်တယ်လို့ ထင်ကြပေမယ့် တကယ်တော့မဟုတ်ပါဘူး။ ငရုတ်သီးရဲ့ အရောင်က သူ့ရဲ့ အရသာနဲ့ မသက်ဆိုင်ပါဘူး။
ငရုတ်သီးရဲ့ အတောင့်က သေးလေလေ ပိုစပ်လေပါဘဲ။ ဥပမာ ကုလားအော်သီးအတောင့်လေးတွေဆို သေးသေးလေးပေမယ့် အရမ်းစပ်ပါတယ်။
ထောပတ်သီး
ထောပတ်သီးတွေကတော့ ခန့်မှန်းရခက်တဲ့ အသီးတွေပါ။ အခုဘဲအကောင်း နည်းနည်းလေသလပ်ခံလိုက်တာနဲ့ အလွယ်တကူမည်းနိုင်တဲ့ အသီးတွေဖြစ်ပါတယ်။
ငှက်တွေအတွက် ထောပတ်သီးက အန္တရာယ်ရှိတာကြောင့် မကျွေးသင့်ပါဘူး။
ရေသန်ဗူးထဲက ရေ
ထူးဆန်းတာက ရေသန့်ဗူးထဲက ရေတွေက တစ်ခုနဲ့တစ်ခုမတူသလို ခံစားရတဲ့ အရသာလည်း အနည်းငယ်ကွဲပါတယ်။
အစားအစာအရောင်
အစားအစာအရောင်တွေဖြစ်တဲ့ အ၀ါရောင်တို့ အနီရောင်တို့က ကလေးတွေရဲ့ စိတ်ကို တက်ကြွလန်းဆန်းစေပါတယ်။
ပျားရည်
ပျားရည်က ဘယ်လောက်ဘဲ အချိန်ကြာကြာ စားသုံးလို့ရပါတယ်။ စားလို့ရတဲ့ အစောဆုံး ပျားရည်ကို ၁၉၂၂ ခုနှစ်က အီဂျစ်ဘုရင်ရဲ့ Tutankhamun ရဲ့ အုတ်ဂူထဲမှာ တွေ့ရှိခဲ့ရပြီး အခုအချိန်အထိ စားလို့ရတာကို စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။
ချောကလက်
ချောကလက်အမည်းကို ထမင်းမစားခင်စားပေးရင် ဗိုက်ဆာတာကို ပျောက်စေပြီး အစာတွေ အများကြီး မစားမိအောင် ကူညီပေးပါလိမ့်မယ်။
ကြက်ဥ
ဖန်ခွက်တစ်လုံးထဲကို ရေထည့်ပြီး ကြက်ဥထည့်ကြည့်ပါ။ ကြက်ဥက ရေပေါ်လုံးဝ ပေါ်နေရင် မစားသင့်တော့ပါဘူး။ ကြက်ဥ သက်တမ်းကြာနေရင် ကြက်ဥအထဲက ဂက်စ်တွေထွက်သွားတာကြောင့် ရေပေါ်ပေါ်နေရတာဖြစ်ပါတယ်။
အစားအစာတွေ စားရာမှာ အရသာအရှိဆုံးအချိန်
အစားအစာတွေ စားရာမှာ အရသာအရှိဆုံးအချိန်က ညဘက်ဖြစ်ပါတယ်။