အချိုမှုန့်ကို တနည်းအားဖြင့် Monosodium Glutamate (MSG) လို့ ခေါ်ကြပါတယ်။

အစားအစာတွေကို အရသာကောင်းအောင်၊ ကြာရှည်ခံအောင်လို့ အချိုမှုန့်ကို ထည့်ကြတာများပါတယ်။

သဘာ၀ MSG ဓာတ်ကို ချိစ်၊ ခရမ်းချဉ်သီး၊ ကြံ၊ ပီလောပီနံ နဲ့ တခြား အစားအစာတွေမှာလည်း ပါဝင်ပါတယ်။

အချိုမှုန့်ကို ဘယ်ကနေစတင်လာသလဲ။

၁၉၀၈ ခုနှစ်က ဂျပန်နိုင်ငံက ဇီဝဓာတု ပညာရှင် Kikunae Ikeda က ပထမဆုံးတွေ့ရှိခဲ့တာပါ။ ဂျပန်နိုင်ငံမှာရှိတဲ့ ဟင်းချိုတွေရဲ့ အရသာပိုကောင်းလာအောင် ထည့်ဖို့ နည်းလမ်းရှာရင်းတွေ့ရှိခဲ့တာပါ။

MSG က အမိုင်နိုအက်စစ် တစ်မျိုးဖြစ်တဲ့ ဂလူတမစ် အက်စစ် (Glu-tamic Acid) မော်လီကျူး တစ်ခုရဲ့ ဆိုဒီယမ် အက်တမ်တစ်ခု (Sodium) ပေါင်းစပ်ထားတဲ့ ဓာတု ဓာတ်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။

ဂလူတမစ် အက်စစ် (Glu-tamic Acid) အစောပိုင်း လမ်းစကို ၁၈၆၆ ခုနှစ်မှာ ဂျာမန် ဓာတုပညာရှင် Karl Heinrich က ဂျုံ ကနေတစ်ဆင့် သိလာခဲ့ရတာပါ။

ဒါပေမယ့် အဲ့ဒီနည်းပညာကို စပြီးအကောင်အထည်ဖော်တာကတော့ ဂျပန် ဇီဝဓာတုပညာရှင်ဖြစ်ပါတယ်။

၁၉၀၉ ခုနှစ်မှာတော့ အာဂျီနိုမိုတို ကုမ္ပဏီ (Ajinomoto Co., Inc.) အချိုမှုန့် (MSG)ကို စီးပွားရေးအရ တရားဝင်ထုတ်လုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီခဲ့ပါတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ Glutamic အက်ဆစ်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်တာကြောင့် အချိုမှုန့် (MSG) ကို စားသုံးလိုက်တဲ့အခါ ဒီဓာတ်တွေများသွားပြီး ကျန်းမာရေး ဆိုးကျိုးတွေပေးနိုင်တာပါ။

ဆိုးကျိုးများ

MSG ဓာတ်လွန်ကဲရင် သို့မဟုတ် အချိုမှုန့်စားသုံးတာများရင် ခေါင်းကိုက်၊ ချွေးထွက်၊ နှလုံးခုန်မြန်တာ၊ ရင်ဘတ်အောင့်တာ၊ အကြောတက်၊ အားနည်းတာ စတာတွေခံစားရနိုင်ပါတယ်။

အဲ့ဒီအပြင် သွေးတိုးကို ပိုဆိုးစေနိုင်ပါတယ်။

သွေးတိုးစေတဲ့ သောက်စရာ အရည်များ

နေ့စဉ် အချိုမှုန့်ကို လွန်လွန်ကဲကဲ စားသုံးရင် မျက်လုံးကျန်းမာရေးကို ထိခိုက်၊ အဝလွန်တာ၊ ခေါင်းကိုက်၊ ကိုယ်လက်မအီမသာဖြစ်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်အလိုမကျတာတွေဖြစ်စေနိုင်ပါတယ်။

ဦးနှောက်ထိခိုက်တာနဲ့ စာသင်ကြားရာမှာ အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်လည်း တက်စေပါတယ်။

ဘယ်နေရာတွေမှာ အသုံးများလဲ

အထူးသဖြင့် ဟင်းချိုတွေ နဲ့ အရှေ့တိုင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အသုံးများသလို စည်သွပ်ဗူး အသားတွေမှာလည်း ကြာရှည်ခံအောင် ထည့်ကြပါတယ်။

အာလူးကြော်၊ ဝက်အူချောင်း၊ ကြက်အူချောင်း တို့မှာထည့်တာများကြပါတယ်။

ဝက်အူချောင်းပေါင်မုန့် ကြက်ဥလိပ်ကြော် ပြုလုပ်နည်း