ပြောင်းဖူးမွှေးက သွေးတိုးကျစေပြီး ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ဆီးကျိတ်ရောင်ရမ်းတာ၊ ဆီးချို၊ နှလုံးရောဂါ၊ သွေးတိုး တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးကျစေ

သဘာ၀ နည်းလမ်းဖြင့် သွေးတိုးကျစေဖို့

ဒီနေ့ခေတ်မှာ သွေးတိုးက အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်လာပါပြီ။ ပြောင်းဖူးမွှေး ရေနွေးကြမ်းက သွေးတိုးကို ကျစေပါတယ်။

ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေး

ပြောင်းဖူးမွှေးက ဆီးသွားတဲ့နှုန်းကို တိုးစေပြီး ကျောက်ကပ်ထဲမှာ ကျောက်တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီးသားဆိုရင်တော့ လျော့အောင် မလုပ်ပေးနိုင်ပါဘူး။

ဆီးချိုကို ကာကွယ်ပေး

ပြောင်းဖူးမွှေးမှာ သွေးအတွင်း အချိုဓာတ်ကို နည်းအောင် ပြုလုပ်နိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။

မကောင်းတဲ့ ကိုလက်စထရောကို လျော့ချပေး

သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေများလာရင် သွေးကြောတွေအတွင်းမှာ အနယ်ကျလာတာတွေများလာပါတယ်။ အနယ်ကျလာတာတွေများလာရင် သွေးကြောကျဉ်းပြီး နှလုံးရောဂါတွေဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ပြောင်းဖူးမွှေး ရေနွေးကြမ်း

  • ရေ
  • ပြောင်းဖူးမွှေးအစို သို့မဟုတ် အခြောက်
  • သံပုရာသီးဖျော်ရည်

ပြုလုပ်နည်း

ရေကို ဆူအောင်လုပ်ပါ။ ရေ ဆူလာရင် ပြောင်းဖူးမွှေးကို ထည့်လိုက်ပါ။ မိနစ်အနည်းငယ်လောက် ဆူအောင်ထားလိုက်ပါ။ အညိုရောင်ပြောင်းသွားရင် ချလိုက်ပါ။

ပြောင်းဖူးမွှေးတွေကို ဖယ်ပြီး အေးအောင် ထားလိုက်ပါ။ အရသာကောင်းအောင် သံပုရာသီးဖျော်ရည်ထည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ထားလိုက်ပါ။