နံနံပင်

နံနံပင်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆီဓာတ်တွေကို လောင်ကျွမ်းနိုင်ပါတယ်။ နံနံပင်မှာ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကိုလည်း အားကေင်းစေပါတယ်။

ဖျော်ရည်၊ ဟင်းချို၊ အသုပ်တို့မှာထည့်လို့ရပါတယ်။

စပ်တဲ့ အစားအစာများ

အရမ်းစပ်သွားတဲ့ အစားအစာတွေကို အလွယ်တကူပြုပြင်လို့ရတဲ့ နည်းလမ်းလေးတွေ

ငရုတ်သီးတို့မှာ အဆီကိုလောင်ကျွမ်းစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒီအစားအစာတွေမှာ Antioxidants နဲ့ ဗီတာမင်စီတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဓာတ်က ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းစေပါတယ်။

Green Tea

Green Tea က အဆီကိုလောင်ကျွမ်းစေတဲ့ အစားအစာထဲမှာပါဝင်ပါတယ်။ တစ်နေ့ကို Green Tea ၃ခွက်၊ ၄ ခွက်လောက် သောက်သင့်ပါတယ်။

Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဂရိလူမျိုးတွေက ခန္ဓာကိုယ်ပိန်ပိန်ပါးပါးဖြစ်အောင် ဒိန်ချဉ်ကို စားသုံးလေ့ရှိပါတယ်။ ကိုယ်အလေးချိန်ကျချင်ရင်တော့ အဆီထုတ်ထားတဲ့ ဒိန်ချဉ်နဲ့ သဘာ၀ ဒိန်ချဉ်ကို ရွေးချယ်သင့်ပါတယ်။

ငါး

ငါးတွေကလည်း ခန္ဓာကိုယ်အဆီကို ပိုမိုလောင်ကျွမ်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ငါးတွေက ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ Omega-3 Fatty အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပြီး သွေးကြောထဲမှာ အဆီတွေ မစုပြုံလာအောင်လည်း ကာကွယ်ပေးပါတယ်။

အသီးအနှံများ

ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံး အသီးများ (အပိုင်း ၁)

အသီးအနှံတွေက အဆီကိုလောင်ကျွမ်းစေပါတယ်။ သူတို့မှာ Antioxidants တွေနဲ့ ဗီတာမင်စီတို့ ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်ပါဝင်မှုလည်း များပါတယ်။

အဆီဓာတ်ကိုလောင်ကျွမ်းစေတဲ့ အစားအစာများမှာ

  • ဖရဲသီး
  • Citrus Fruits (လိမ္မော်သီး၊ သံပုရာသီး စသည်)
  • သင်္ဘောသီး
  • ပန်းသီး
  • စပျစ်သီး