နှမ်းစေ့တွေက အနံ့အရသာတွေ ကောင်းမွန်တဲ့အပြင် ကျန်းမာရေး အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရာစုနှစ်ပေါင်းများစွာ စားသုံးခဲ့ကြပါတယ်။

နှမ်းစေ့တွေက သေးငယ်ပေမယ့် ကော့ပါး၊ Manganese ၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Phosphorus၊ ဇန့် နဲ့ တခြား အာဟာရဓာတ်တွေအများကြီးပါဝင်နေပါတယ်။ နှမ်းစေ့က သွေးအတွင်း ကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး၊ ဟော်မှုန်းကိုထိန်းညှိပေးကာ အာဟာရဓာတ်တွေပိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

နှမ်းစေ့ရဲ့အကျိုးကျေးဇူး

အဆီတွေကိုလောင်ကျွမ်းစေ

နှမ်းစေ့မှာ အဆီတွေကို လောင်ကျွမ်းစေတဲ့ဓာတ်တွေပါဝင်နေပါတယ်။ နှမ်းစေ့မှာပါဝင်တဲ့ Phytochemicals တွေက ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး အဆီကို အလျင်အမြန်လောင်ကျွမ်းစေပါတယ်။ အင်ဇိုင်းတွေရဲ့လုပ်ဆောင်ချက်ကို အားကောင်းစေပြီး Fatty အက်ဆစ်တွေကို ဖြိုခွဲပေးပါတယ်။

အာဟာရဓာတ်တွေပို စုပ်ယူနိုင်

နှမ်းစေ့က အာဟာရဓာတ်တွေ ပိုစုပ်နိုင်စွမ်းရှိပါတယ်။ နှမ်းစေ့က ဗီတာမင် E နဲ့ တခြား Phytochemicals တွေကို ပိုစုပ်ယူနိုင်အောင်ကူညီပေးပါတယ်။

သွေးအတွင်း ကိုလက်စထရောဓာတ်တွေကို ကျဆင်းစေ

နှမ်းစေ့က သွေးအတွင်း ကိုလက်စထရောဓာတ်တွေကို ကျဆင်းစေတဲ့ သဘာဝဓာတ်တွေပါဝင်နေပါတယ်။ နှမ်းစေ့မှာ Phytonutrients ဓာတ်ဖြစ်တဲ့ Fatty အက်ဆစ်နဲ့ Antioxidants တွေပါဝင်နေပါတယ်။ တခြား အခွံမာအသီးတွေ၊ အစေ့တွေနဲ့ နှိုင်းယှဉ်ရင် နှမ်းစေ့မှာ ကိုလက်စထရောဓာတ်ကို လျော့နည်းစေတဲ့ Phytosterols ဓာတ်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက အူကို မကောင်းတဲ့ကိုလက်စထရောဓာတ်တွေ မစုပ်ယူအောင်ကူညီပေးပါတယ်။

နှလုံးကို ကာကွယ်ပေး

နှမ်းစေ့မှာ နှလုံးကို ကာကွယ်ပေးတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ နှမ်းစေ့မှာ Lignans ဓာတ်ပါဝင်တာကြောင့် သွေးဖိအားကို ကျစေတဲ့အပြင် ကိုလက်စထရောနဲ့ Serum ဓာတ်တွေပါ ကျစေပါတယ်။ တစ်နေ့ကို နှမ်းစေ့ ၅၀ ဂရမ်စားသုံးရင် ၅ ပတ်အတွင်း မကောင်းတဲ့ကိုလက်စထရောဓာတ်တွေကျဆင်းပြီး ကောင်းတဲ့ကိုလက်စထရောဓာတ်တွေကျဆင်းတယ်ဆိုတာ တွေ့လာရပါလိမ့်မယ်။

သွေးတိုးကျစေ

နှမ်းစေ့က သွေးဖိအားကို ထိန်းညှိပေးတာကြောင့် သွေးတိုးကိုကျစေပါတယ်။ Antioxidants ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။