မိုးတွင်းလည်း ရောက်လာပြီဆိုတော့ တဖြည်းဖြည်းနဲ့ အေးလာပြီနော်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အတူ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေဖြစ်လာကြပါတယ်။
ဒီအတွက် ကိုယ်ခံအားကိုကောင်းစေပြီး ဖျားနာခြင်းကို ပျောက်ကင်းစေတဲ့ ပျားရည်နဲ့ဂျင်း သဘာဝဆေးနည်းလေးကို ဝေမျှချင်ပါတယ်။
ပျားရည်
ပျားရည်မှာ ဘက်တီးရီးယား ပိုးမွှားတွေကို နှိမ်နင်းနိုင်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
ရောင်ရမ်းတာတွေ လျော့စေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အသက်ရှူလမ်းကြောင်း ယားယံတာ၊ ရောင်ပြီး နှာစေးတာ၊ ချောင်းဆိုးတာ နဲ့ လည်ချောင်းနာတာတွေ သက်သာစေပါတယ်။
ဂျင်း
ဂျင်းမှာလည်း ဘက်တီးရီးယား ပိုးမွှားတွေကို နှိမ်နှင်းနိုင်စွမ်းရှိပါတယ်။
ဗီတာမင် စီလို့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။
ပိုတက်ဆီယမ်၊ Niacin နဲ့ Phosphorus ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းတာတွေကို လျော့ပါးစေပါတယ်။
ပါဝင်ပစ္စည်းများ
အလယ်အလတ် အရွယ် ဂျင်း ၁ တုံး
ပျားရည် 335 ဂရမ်
လေလုံပိတ် ခရား ၁ အိုး
ပြုလုပ်နည်း
ဂျင်းကို အခွံခွာပြီး အသေးလေးတွေ လှီးပါ။ ဂျင်းကို ခရားထဲကိုထည့်ပြီး ပျားရည်လောင်းထည့်ပါ။ ခရားကိုလေလုံပိတ်လိုက်ပါ။ ၄၈ နာရီလောက် မှောင်တဲ့နေရာမှာထားပါ။
၄၈ နာရီထားပြီးရင် စသောက်လို့ရပါတယ်။
ဘယ်လို သောက်ရမလဲ
ဖျားနာနေရင် တစ်နေ့ကို စားပွဲတင်ဇွန်း ၃ ဇွန်းကနေ ၄ ဇွန်းလောက်သောက်ပါ။
ကိုယ်ခံအားကောင်းချင်ရင် ဗိုက်ထဲမှာ အစာမရှိခင် တစ်နေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပါ။
ကလေးတွေအတွက်ဆိုရင် စားပွဲတင်ဇွန်း အစား လက်ဖက်ရည်ဇွန်းကို ပြောင်းသောက်ပါ။