ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ်နဲ့ အယ်ကာလိုင်းဓာတ် မျှတနေဖို့ လိုအပ်ပါတယ်။ အယ်ကာလိုင်းဓာတ်နည်းရင် ဂေါက်၊ ဆီးချို၊ ကင်ဆာနဲ့နှလုံးရောဂါတို့ကို ကာကွယ်နိုင်ဖို့ ခက်ခဲတာကြောင့် အယ်ကာလိုင်းဓာတ်များတဲ့ အစားအသောက်တွေကို ဝေမျှပေးချင်ပါတယ်။

အယ်မွန်စေ့ (Almonds)

almonds-in-a-bowl-on-wooden-table-max

အယ်မွန်စေ့ (Almonds)  စေ့တွေမှာ အယ်ကာလိုင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အယ်မွန်စေ့ (Almonds) 100 g မှာ

ပရိုတင်းဓာတ် ၄၄ ရာခိုင်နှုန်း

ကယ်ဆီယမ်ဓာတ် ၂၇ ရာခိုင်နှုန်း

သံဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။

ကညွတ် (Asparagus)

roasted-asparagus-method-3-1024x683

ကညွှတ်က အယ်ကာလိုင်းဓာတ် အများဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်အုပ်စုထဲမှာပါဝင်ပါတယ်။ အဲ့ဒီအပြင် တခြား ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

ကညွှတ် 100 gမှာ

ဗီတာမင် A – ၁၅ ရာခိုင်နှုန်း

သံဓာတ် – ၁၂ ရာခိုင်နှုန်း

ဗီတာမင် စီ – ၉ ရာခိုင်နှုန်း

ထောပတ်သီးနဲ့ ထောပတ်သီး အဆီ

All-About-Avocado-resized

ထောပတ်သီးတွေမှာ အယ်ကာလိုင်းဓာတ် တွေ ကြွယ်ဝစွာပါဝင်ရုံသာမက ပိုတက်ဆီယမ်ဓာတ်နဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။

ထောပတ်သီး 100 gမှာ

အမျှင်ဓာတ် – ၂၇ ရာခိုင်နှုန်း

ဗီတာမင် စီ- ၁၇ ရာခိုင်နှုန်း

ဗီတာမင် A- 3 ရာခိုင်နှုန်း ပါဝင်ပါတယ်။

ပင်စိမ်း

basil-bsp

ဟင်းခတ်အမွှေးအကြိုင်တွေကလည်း ခန္ဓာကိုယ်ရဲ့ pH ကို သက်ရောက်မှု ရှိပါတယ်။ ပင်စိမ်းမှာလည်း အယ်ကာလိုင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ပင်စိမ်း 100 g မှာဆိုရင်

ဗီတာမင် K – 345%

ဗီတာမင် A – 175%

ကယ်ဆီယမ် ဓာတ် – 18% ပါဝင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း (Broccoli)

Alkaline-foods-broccoli

ပန်းဂေါ်ဖီစိမ်းက အယ်ကာလိုင်းဓာတ်တင်မကဘဲ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဓာတ်တွေအများကြီးပါဝင်တာကြောင့် တစ်ပတ်ကို ၃၊ ၄ ကြိမ်လောက် စားသောက်သင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း 100 gမှာ

ဗီတာမင် စီ 135%

ဗီတာမင် A 11%

ကယ်ဆီယမ် 4% ပါဝင်ပါတယ်။

ခန္ဓာကိုယ်မှာ အယ်ကာလိုင်းဓာတ်က ဘာကြောင့် အရေးကြီးသလဲ

အယ်ကာလိုင်းဓာတ်က အများအားဖြင့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာဘဲ အဓိကပါဝင်တာကြောင့် အသားစားသုံးတာများသူတွေက ဖြည့်စွက်စားသုံးသင့်ပါတယ်။

ခန္ဓာကိုယ်မှာ pH Level မျှတမှ ကျန်းမာမှာဖြစ်ပါတယ်။ pH Level မမျှတရင် ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီ ထိခိုက်နိုင်ပြီး သွေးတွေကလည်း အက်ဆစ်ဓာတ်ထက် အယ်ကာလိုင်းဓာတ်ကို ပိုလိုအပ်ပါတယ်။

ဒါကြောင့် pH Level  မျှတမှ ဦးနှောက်၊ အာရုံကြော၊ အသက်ရှူ စနစ်၊ ကြွက်သား နဲ့ အစာခြေစနစ်တွေ ကောင်းမွန်မှာဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ်တွေပါဝင်မှု များနေရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံ ပြဿနာ၊ နှလုံးရောဂါ၊ ကြွက်သား၊ အလက်ဂျီ နဲ့ ကင်ဆာတို့ကို ဖြစ်စေပါတယ်။