[Unicode]
ငါးတွေမှာ Omega 3 Fatty အက်ဆစ်၊ ဗီတာမင် D နဲ့ B2 ၊ ကယ်ဆီယမ်၊ Phosphor နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ သံဓာတ်၊ ဇန့်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။
နှလုံးရောဂါကို ကာကွယ်ပေး
ငါးကို ပုံမှန်စားပေးရင် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် နှလုံးရောဂါဖြစ်ပွားတဲ့နှုန်းက တခြားနိုင်ငံတွေထက်ပိုပြီး နည်းပါတယ်။ ဒါက ငါးစားလို့ပါဘဲ။
ငါးမှာပါဝင်တဲ့ Omega 3 Fatty အက်ဆစ်က နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
အစောကြေလွယ်
ငါးတွေက အစာကြေလွယ်ပြီး အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။
ကိုလက်စထရောရောဂါတွေ ကာကွယ်နိုင်
ငါးကိုပုံမှန်စားပေးရင် သွေးအတွင်းမကောင်းတဲ့ ကိုလက်စထေရာဓာတ်ကိုတွေကျဆင်းစေပြီး ကိုလက်စထရော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဉာဏ်ကောင်းစေ
ငယ်ငယ်က ငါးစားရင် ဉာဏ်ကောင်းတယ်ဆိုပြီး လူကြီးတွေပြောခဲ့ဖူးတာကြားမိမှာပါ။ ငါးမှာပါဝင်တဲ့ Omega 3 က ဦးနှောက် မှတ်ဉာဏ်၊ ဝေဖန်ပိုင်းခြား ဉာဏ်တွေကိုကောင်းစေပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေး
ဆွီဒင်နိုင်ငံမှာ လူပေါင်း ၆ ထောင်ကို အနှစ် ၃၀ ကြာ သုတေသနပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသုတေသန အရ ငါးကိုပုံမှန်စားပေးသူမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ချေ နည်းပါးကြောင်းသိရှိခဲ့ရပါတယ်။
[Zawgyi]
ငါးေတြမွာ Omega 3 Fatty အက္ဆစ္၊ ဗီတာမင္ D နဲ႔ B2 ၊ ကယ္ဆီယမ္၊ Phosphor နဲ႔ သတၱဳဓာတ္ေတြျဖစ္တဲ့ သံဓာတ္၊ ဇန္႔၊ မဂၢနီဆီယမ္ နဲ႔ ပုိတက္ဆီယမ္တို႔ပါ၀င္ပါတယ္။
ႏွလံုးေရာဂါကို ကာကြယ္ေပး
ငါးကို ပံုမွန္စားေပးရင္ ႏွလံုးေရာဂါကို ကာကြယ္ေပးပါတယ္။ ဂ်ပန္ႏိုင္ငံမွာဆိုရင္ ႏွလံုးေရာဂါျဖစ္ပြားတဲ့ႏႈန္းက တျခားႏိုင္ငံေတြထက္ပိုၿပီး နည္းပါတယ္။ ဒါက ငါးစားလို႔ပါဘဲ။
ငါးမွာပါ၀င္တဲ့ Omega 3 Fatty အက္ဆစ္က ႏွလံုးေရာဂါကို ကာကြယ္ေပးပါတယ္။
အေစာေၾကလြယ္
ငါးေတြက အစာေၾကလြယ္ၿပီး အစာေျခစနစ္ကိုလည္း ေထာက္ပံ့ေပးပါတယ္။ အဲ့ဒီအျပင္ ပရိုတင္းဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္နဲ႔ ကယ္လုိရီပါ၀င္မႈလည္း နည္းပါတယ္။
ကိုလက္စထေရာေရာဂါေတြ ကာကြယ္ႏိုင္
ငါးကိုပံုမွန္စားေပးရင္ ေသြးအတြင္းမေကာင္းတဲ့ ကိုလက္စေထရာဓာတ္ကိုေတြက်ဆင္းေစၿပီး ကိုလက္စထေရာ ေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။
ဥာဏ္ေကာင္းေစ
ငယ္ငယ္က ငါးစားရင္ ဥာဏ္ေကာင္းတယ္ဆိုၿပီး လူႀကီးေတြေျပာခဲ့ဖူးတာၾကားမိမွာပါ။ ငါးမွာပါ၀င္တဲ့ Omega 3 က ဦးေႏွာက္ မွတ္ဥာဏ္၊ ေ၀ဖန္ပိုင္းျခား ဥာဏ္ေတြကိုေကာင္းေစပါတယ္။
ကင္ဆာေရာဂါကို ကာကြယ္ေပး
ဆြီဒင္ႏုိင္ငံမွာ လူေပါင္း ၆ ေထာင္ကို အႏွစ္ ၃၀ ၾကာ သုေတသနျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီသုေတသန အရ ငါးကိုပံုမွန္စားေပးသူမွာ ဆီးက်ိတ္ကင္ဆာျဖစ္ပြားႏိုင္ေခ် နည္းပါးေၾကာင္းသိရွိခဲ့ရပါတယ္။