အမျိုးသမီးတွေရဲ့ အလှအပကို အဓိကပံ့ပိုးပေးတာက ရင်သားတွေပါ။ သူတို့တွေကျန်းမာပြီး လှပနေဖို့ အရေးအကြီးဆုံးပါ။ ရင်သားကင်ဆာဟာ အမျိုးသမီးထုကို ခြိမ်းခြောက်နေတဲ့ အဓိကရန်သူပါပဲ။ ဒါကြောင့် ရင်သားတွေ ကျန်းမာစေဖို့ ဘယ်လိုအစားအစာတွေကို စားသင့်ပါလဲ။

ပဲပိစပ်

soy

ပဲပိစပ်ကနေ ရတဲ့ ပဲနို့၊ ပဲပြား၊ တိုဖူးတွေဟာ ရင်သားတွေအတွက် လိုအပ်တဲ့ ဓာတ်တွေကို ပေးစွမ်းနိုင်ပြီး ရင်သားကင်ဆာ ဖြစ်ခြင်းကနေလည်း လျှော့ချပေးနိုင်ပါတယ်။ ပဲပိစပ်ထဲရှိ Phytoestrogens နဲ့ Isoflavenes တို့ဟာ အကောင်းဆုံး ဆေးတစ်မျိုးပါပဲ။ ပဲပိစပ်ဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး ရင်သားကင်ဆာဖြစ်တဲ့ 9514 ယောက်ကို စမ်းသပ်ပြီး ရလာတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။ အဖုအကျိတ်တွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဘလူးဘယ်ရီ

apple_blackcurrant_crumble

ဘယ်လူးဘယ်ရီသီးတွေဟာ ရင်သားအကျိတ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။ တစ်နေ့ကို ၆အောင်စ ပုံမှန်စားပေးရင် ရင်သားကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ဘယ်လူးဘယ်ရီအမှုန့်နဲ့ ဖျော်ရည်လုပ်သောက်လုပ်လည်း ရသလို၊ ဒိန်ချဉ်ထဲ ထည့်တာတို့ မုန့်ဖုတ်စားတာတို့လည်း ရပါတယ်။

ဂျုံ

wheat

ဂျုံဟာ ရင်သားကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ အပြင် အဆိပ်ကိုလည်း ပြေစေပါတယ်။ အားဖြည့်ဓာတ်စာ အနေနဲ့ ကိုယ်ခံအား တက်လာအောင် စားပေးသင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းစိမ်းမှာ Sulforaphane ဆိုတဲ့ကင်ဆာကာ ကွယ်ပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်းဟာမြင့်မားစွာ ပါရှိနေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ် များပြန့်ပွားမှု့ကို သတ်ပစ်နိုင်စွမ်းရှိပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲပါရှိတဲ့ Linamarase ဓာတ်က ကင်ဆာ ဆဲလ်နဲ့ အဖုအကျိတ်များကို ဖြိုခွင်းပေးနိုင်စွမ်းရှိလို့များများစားပေးပါ။ ဒါ့ပြင် ကညွတ်၊ ဂေါ်ဖီ၊ မုန်ညင်း၊ ဟင်းနုနယ် စတဲ့ စိမ်း ရောင်ခြယ် ဟင်းရွက်များစားပေးပါ။

ခရမ်းချဉ်သီး

tomatoes_2

ခရမ်းချဉ်သီးထဲရှိ Lycopene (ခေါ်) ဓာတ် တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာဆဲလ်များ ကြီးထွားမှုကို ကာကွယ်ပေးလို့ခရမ်းချဉ်သီးကို ဟင်းလျာအဖြစ်အပူပေးချက်စား ခြင်း (သို့မဟုတ်) အလုံးလိုက်ဝါးစားပေးပါ။

Credit: lifehack / Ref: paukpauk