ညဖက်တွေမှာ သရေစာ မုန့်တွေစားတဲ့အခါ အဆီတက်ပြီး ဝမှာ စိုးရိမ်ကြပါတယ်။ စိုးရိမ်စရာမလိုတဲ့ သရေစာမုန့်တွေရှိပါတယ်။ ဒီသရေစာတွေကိုစားရင် ဝိတ်တက်မှာ မပူရသလို ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါဘူး။

၁။ ပြောင်းဖူး

Corn

ပြောင်းဖူးဟာ ကျန်းမာရေးအတွက် ကောင်းစေတဲ့ အရာတင် မဟုတ်ဘဲ အရသာ ရှိတဲ့ သရေစာ တစ်ခုလည်းဖြစ်ပါတယ်။ အသင့်စား ဘူးတွေ စားတာထက် အဖူးလိုက် ပြုတ်စားတာ ပိုပြီး အရသာ ရှိလှပါတယ်။ ညဖက်တွေ ပြောင်းဖူးစားရင် ရင်ပြည့်စေတယ်ဆိုတဲ့ အယူအဆာဟာ အများကြီး စားတဲ့လူတွေ အတွက်ပါ။ ချင့်ချိန်စားရင် ကိုလက်စထရောကိုပါ စုပ်ယူပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့ ညနေပိုင်းတွေမှာ ပြောင်းဖူးကို စားလို့ ရပါတယ်။

၂။ မက်မွန်သီး

nektarin

အချို့ သုတေသန ပညာရှင်တွေဟာ မက်မွန်သီးကို နေ့လည်ဘက်မှာ မစားဖို့ ပြောထားပါတယ်။ ညဖက်တွေမှာ စားသင့်ပြီး ကိုယ်ထဲက အဆီဓာတ်တွေကို လျှော့ချပေးနိုင်ပါတယ်။

၃။ ဖရုံသီး

Pumpkin

ဖရုံသီးကို မြန်မာတွေကတော့ ဟင်းချက်စားကြတာများပါတယ်။ ဖရုံသီးကို သရေစာ အဖြစ်စားကြတာကတော့ ယိုထိုးစားမယ်။ ဖရုံစေ့ စားမယ်။ ဖရုံစေ့ကို ညဖက်တွေ စားတဲ့ အခါ ကောင်းကောင်း အိပ်ပျော် စေပါတယ်။ ညဖက်တွေ စွပ်ပြုတ်လုပ်သောက်ရင်ဖြစ်ဖြစ် salad လုပ်စားရင်ဖြစ်ဖြစ် ရပါတယ်။ အရသာချိုစိမ့်ပြီး ကိုယ်ခန္ဓာကို ဒုက္ခမပေးစေပါဘူး

၄။ မုန်လာထုပ်မျိုးနွယ်ဝင်များ

Cabbage

မုန်လာထုပ်မျိုးနွယ်လို့ ပြောရတာကတော့ ဂေါ်ဖီထုပ်၊ မုန်လာထုပ်၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ အားလုံး ပါဝင်တဲ့ အတွက်ကြောင့်ပါ။ သူတို့အားလုံးဟာ ညဖက်မှာ သရေစာ အဖြစ် စားလို့ ရတဲ့ အသီးအရွက်တွေပါပဲ။ ဗီတာမင်ဘီ အားလုံးမှာပါဝင်ပြီး အရသာ တစ်မျိုးစီပေးတဲ့ အသီးအရွက်တွေပါ။

၅။ ကီဝီသီး

Kiwi

ကီဝီသီးတွေဟာ ကိုယ်အလေးချိန်ကို လျင်လျင်မြန်မြန် ကျစေတဲ့ အသီးတွေထဲမှာ ပါဝင်ပါတယ်။ ညဖက်တွေမှာ သရေစာအဖြစ် စားလို့ ရပြီး ကိုယ်အလေးချိန် တက်မှာ စိတ်မပူရပါဘူး။

Source: brightside