အစားအစာတွေ စားပြီးတဲ့ အခါ ဗိုက်အလွန်အမင်း ဗောင်းပွခြင်းဟာ နေရထိုင်ရ ခက်သလို ရုပ်လည်း အတော်ဆိုးစေပါတယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေကို ပုံပျက်ပန်းပျက် ဖြစ်စေရုံမက စိတ်ကိုလည်း ကျဉ်းကြပ်စေပါတယ်။ အထူးသဖြင့် ကာဗွန်နိတ် ပါတဲ့ အချိုရည်တွေနဲ့ ဗိုက်ပွစေမယ့် အစားအစာတွေကို စားရင် ပိုပြီး ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာ အစာအိမ်ပြဿနာကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

ဒါကိုကာကွယ်ဖို့ နည်းလမ်းလေးတွေက သိပ်တော့ မခက်ခဲပါဘူး။

အစားအစာတွေကို ဖြည်းဖြည်းစားပါ

Source: wikiHow

အစားအစာတွေကို အရမ်း မြန်မြန်ကြီး စားခြင်းကနေ ရှောင်ပါ။ နေ့လည်စာတို့လို အများကြီး စားရမယ့် အစားအစာတွေဆိုရင် အနည်းဆုံး မိနစ် ၃၀လောက် အချိန်ယူပြီး စားသင့်ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Source: Saint Elizabeth

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ ဝမ်းဗိုက်ရဲ့ ကြွက်သားတွေကို ကျစ်လစ်စေပြီး ဗိုက်ဖောင်းပွမှု ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစာ စားပြီးတိုင်း ဖြစ်တတ်တဲ့ လေပွခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ အနည်းဆုံး တစ်နေ့ကို ပုံမှန် ၁၀မိနစ်လောက် လမ်းလျှောက်ပေးသင့်ပါတယ်။

ရေများများသောက်ပါ

Source: StyleCaster

ရေသောက်ခြင်းဟာ အစာကို လျှင်မြန်စွာ ချေဖျက်ဖို့ အတွက် အားပေးပါတယ်။ အစာမြန်မြန်ကြေစေခြင်းဟာ လေပွခြင်းနဲ့ ဖောင်းပွခြင်းကို သက်သာစေပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

Source: BodyHunter

အစာ စားပြီး ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်ထဲက Gas လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဗိုက်ဖောင်းပွခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: zeenews