တခါတလေ ကိုယ်မထင်ထားဘဲ စားလိုက်မိတဲ့အစားအစာတွေက သင့်ကို ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်စေပြီး အစာအဆိပ်သင့်မှုဖြစ်စေပါတယ်။

ကာဗိုနိုတ် အချိုရည် နဲ့ ပူရှိန်း

ပူရှိန်းတစ်မျိုးဖြစ်တဲ့ Mentos နဲ့ ကာဗိုနိုတ် အချိုရည်တွေဖြစ်တဲ့ ကိုကာကိုလာတို့ကို ရောသောက်ရင် အစာအိမ်ကို ထိခိုက်ထဲမှာ အဆိပ်ဖြစ်စေပြီး အစာအဆိပ်သင့်မှုကို ဖြစ်စေပါတယ်။

ကြက်ဥနဲ့ ငှက်ပျောသီး

ကြက်ဥနဲ့ ငှက်ပျောသီးကို ရောစားမိရင် အစာအိမ်တွင်းမှာ ကမောက်ကမဖြစ်စေပြီး အစာအဆိပ်သင့်မှုဖြစ်စေနိုင်ပါတယ်။

ငါးနဲ့ နွားနို့

ငါးနဲ့ နွားနို့ ရောစား၊ ရောသောက်တာများရင် အသားအရေရဲ့ သဘာဝအရောင်တွေကို ပျက်စီးနိုင်တဲ့ အရေပြားရောဂါတစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။

ဒူးရင်းသီးနဲ့ ကာဗိုနိတ် အချိုရည်

မလေးရှားနိုင်ငံမှာတော့ ဒူးရင်းသီးနဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေဖြစ်တဲ့ Pepsi၊ ကိုကာကိုလာတို့ မစားသုံးဖို့ သက်ကြီးစကားသက်ငယ်ကြားလိုမျိုး ပြောခဲ့ကြပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်တွေနဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေမှာပါဝင်တဲ့ ဓာတ်တွေက အစာအိမ်ထဲမှာ ပေါင်းမိသွားရင် အစာအိမ်ကို ထိခိုက်စေပါတယ်။

တိုဖူးနဲ့ Spinach

တစ်ချိန်တည်းမှာ တိုဖူးနဲ့ Spinach ရွက်ကို တွဲမစားသင့်ပါဘူး။ အစာအဆိပ်သင့်မှုကိုဖြစ်စေနိုင်သလို အချိန်ကြာလာရင် ကျောက်ကပ်မှာ ကျောက်တည်တာတွေဖြစ်လာနိုင်ပါတယ်။