ယနေ့ခေတ်လူအများစုဟာ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စ စသဖြင့် ကိစ္စအမျိုးစုံကြောင့် စိတ်ဖိစီးမှုတွေများပြီး ညညတွေဆို အိပ်လို့မပျော်ကြပါဘူး။

တချို့တွေဆို ဆေးသောက်ရင်တောင် အိပ်မပျော်နိုင်တဲ့ အခြေအနေထိကို ဆိုးဆိုးရွားရွားဖြစ်နေကြပါတယ်။ လူတစ်ယောက်ဟာ တစ်ညကို အနည်းဆုံး အိပ်ချိန် ၇ နာရီလောက် ရရှိမှသာ ခန္ဓာကိုယ်ကိုချို့ယွင်းမှုမရှိဘဲ ထိန်းသိမ်းနိုင်မှာဖြစ်တာမို့ ညညအိပ်လို့မပျော်နိုင်ဘူးဆိုရင် အခုပြောပြပေးမယ့် အစားအစာလေးတွေကို သေချာမှတ်သားထားပြီး ရွေးချယ်စားသုံးပေးပါ။

အယ်လ်မွန်စေ့နှင့် သစ်ချစေ့များ

အယ်လ်မွန်စေ့တွေမှာ Melatonin ၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့် သင့်ရဲ့ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေတဲ့ Minerals များပါဝင်ပါတယ်။

သစ်ချစေ့တွေမှာလည်း အလားတူ ဂုဏ်သတ္တိများပါဝင်ရုံသာမက အိပ်ပျော်စေတဲ့ အမီနိုအက်စစ် tryptophan လည်း ပါဝင်ပါသေးတယ်။ ပြင်းထန်တဲ့ အိပ်မပျော်ခြင်းဝေဒနာကို ခံစားနေရတဲ့ လူနာများအတွက် အင်မတန်အထောက်အကူဖြစ်စေပါတယ်။

Herbal tea

Chamomile tea ဟာ ရောင်ရမ်းခြင်းကိုလျော့ကျစေကာ စိတ်ဖိစီးမှုကင်းကင်းနှင့် အိပ်ပျော်မှုကို အထောက်အကူဖြစ်စေပါတယ်။

ကီဝီ

ကီဝီသီးမှာ Serotonin မြင့်မားစွာပါဝင်သည့်အတွက် ညစဥ်ညတိုင်း အိပ်ပျော်ရခက်ခဲမှုကို ကြုံတွေ့နေရသူတွေအတွက်တော့ အင်မတန်အထောက်အကူဖြစ်စေပါတယ်။ ညအိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ ကီဝီသီး ၂ လုံးကိုစားသုံးပေးပါ။

ထမင်းဖြူ

Glycemic နှုန်းမြင့်မားမှုကြောင့် ထမင်းဖြူဟာ ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ ထမင်းများများစားသူတွေဟာ လျော့စားတတ်သူတွေထက် ပိုပြီးအိပ်ပျော်လွယ်သလို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်တတ်ပါသေးတယ်။

ချဥ်ပြုံးတဲ့ ချယ်ရီသီးနှင့် ချယ်ရီသီးဖျော်ရည်

အချဥ်ဓာတ်ရှိတဲ့ ချယ်ရီသီးတွေမှာ ဖိုက်ဘာ၊ Antioxidants ၊ ဗီတာမင်များ၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဂုဏ်သတ္တိတွေဟာ အိပ်မပျော်မှုအတွက် အကူအညီဖြစ်စေရုံသာမက ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။

Source: Bright Side