သင်နေ့စဥ်စားနေတဲ့ အစားအသောက်တွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ပါဝင်ပါရဲ့လား? သင်စားနေတဲ့ အစားအစာတွေ ကကော ကျန်းမာရေးနဲ့ကော ညီရဲ့လား? တကယ်တော့ ကျန်းမာရေးကောင်းစေဖို့အတွက် တချို့အစားအစာတွေက မဖြစ်မနေစားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် မဖြစ်မနေ စားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေ

တစ်နေ့ကို ရေ ၈ ခွက်မှ ၁၂ ခွက်အထိ သောက်ပေးပါ။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရင့်ရောင် အသီးအရွက်များကို တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်မှ လေးကြိမ်စား ပေးပါ။ ရွေးချယ်တဲ့အခါ ဘရိုကိုလီ၊ ကိုက်လန်နဲ့ ဟင်းနုနွယ်ရွက်  စသဖြင့် အစိမ်းရောင်ပါတဲ့ အစားများကို စားသုံးပေးသင့်ပါတယ်။

အစေ့အဆန်များ

အစေ့အဆန်များကို တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် စားပေးပါ။ ဂျုံမှုန့်၊ oatmeal နဲ့ မုယောစပါးတို့မှာ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်

ပဲနှင့် ပဲအမျိုးမျိုး

ပဲကို တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ စားဖြစ်အောင် စားပေးပါ။ ပဲဟင်းချို၊ ပဲသုပ်၊ စွပ်ပြုတ် စသဖြင့် သင်ကြိုက်နှစ်သက်သလို စားသုံး ပေးနိုင်ပါတယ်။

ငါး

ဟင်းချက်တဲ့အခါ ငါးကိုလည်း ရွေးချယ် ချက်စားသင့်ပါတယ် ။ ဆော်လမွန်ငါး၊ ငါးကြီးငါး၊ ဆာဒင်းနှင့် တူနာငါးတို့ကတော့ ရွေးချယ်ဖို့အတွက် အသင့်တော်ဆုံးပါ။

ပဲပိစပ်

ပဲပိစပ်မှာပါဝင်တဲ့ ပရိုတင်းဟာ ကိုလက်စထရောကိုကျစေတာကြောင့် သင်ဟာ ကိုလက်စထရောပမာဏကို လျှော့ချဖို့ ကြိုးစားနေသူတစ်ယောက် ဆိုရင်တော့ ပဲပိစပ်ကို နေ့စဥ် ၂၅ ဂရမ်လောက် စားပေးသင့်ပါတယ်။

Organic Yogurt

အမျိုးသား၊ အမျိုးသမီးတို့ နေ့စဥ်လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏဟာ အသက် 19 နှစ်မှ 50 နှစ်ကြားဆို   1000 မီလီဂရမ်၊ အသက် 50 နှစ်နဲ့ အထက်ဆို 1200 မီလီဂရမ် လိုအပ်ပါတယ်။ အဆီထုတ်ထားတဲ့ ဒါမှမဟုတ် အဆီနည်းတဲ့ နို့ထွက်ပစ္စည်းးတွေက ကယ်လ်စီယမ် ကြွယ်ဝတာ ကြောင့် တစ်နေ့ သုံးကြိမ်မှ လေးကြိမ်ထိ စားပေးသင့်ပါတယ်။ စားတဲ့အခါ အော်ဂဲနစ်ပစ္စည်းတွေက ကျန်းမာရေးအတွက် ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။