တုပ်ကွေးကြောင့် ဖျားနာတာ သို့မဟုတ် အအေးမိတာကြောင့် ဖျားနာနေရင် ခန္ဓာကိုယ်အတွက် ပြန်လည် လန်းဆန်း အားရှိမယ့် အစားအစာတွေ စားပေးဖို့ လိုပါတယ်။ အဓိကကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာ ဖြစ်စေမယ့် အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အာဟာရပညာရှင်တွေကို သုတေသနပြုလုပ်ပြီး သူတို့ဖျားနာနေရင် စားလေ့ရှိတဲ့ အစားအစာတွေကို ပြန်လည် ဖော်ပြထားပါတယ်။

Smoothies

ရာသီဥတုကြောင့် နေမကောင်းဖြစ်ချင်ရင် အသီးအနှံဖျော်ရည် Smoothies တွေကို သောက်လေ့ရှိကြပါတယ်။ စတော်ဘယ်ရီ၊ ဒိန်ချဉ် ဖျော်ရည်တို့ကို နို့အနည်းငယ်ထည့်ပြီး သောက်ကြပါတယ်။

ကွေကာအုပ်

အာဟာရပညာရှင် Bonnie Taub က နေရထိုင်ရတာ မကောင်းရင် ကွေကာအုပ်ပူပူလေးထဲကို အသီးအနှံတွေထည့်ပြီး စားလိုက်ပါတယ်။ ကွေကာအုပ်က ခန္ဓာကိုယ်ကို စွမ်းအင်တွေပေးစွမ်းနိုင်သလို စိတ်နဲ့ ခန္ဓာကိုယ်ပါ နွေးစေတယ်လို့ ဆိုပါတယ်။

ကြက်သွန်ဖြူ

အာဟာရပညာရှင် Alissa Rumsey က ကြက်သွန်ဖြူမှာ Allicin ဓာတ်ပါဝင်တာကြောင့် ဘက်တီးရီးယားနဲ့ ပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နေမကောင်းဖြစ်ချင်နေရင် ကြက်သွန်ဖြူ တစ်ဥလုံးကို အသုတ်တွေမှာ အစိမ်းစားသလို၊ ဟင်းလျာတွေထဲထည့်ချက်သလို ကြက်သွန်ဖြူနဲ့သံလွင်ဆီရောပြီး ပေါင်မုန့်မှာလည်း သုတ်စားပါတယ်။

ဂျင်း

အာဟာရပညာရှင် Marisa Moore က ဖျားနေရင်တော့ ဂျင်းကို အဓိက စားပါတယ်။ ငယ်ငယ်တုန်းက အဘွားက ဖျားနေရင် ဂျင်းတိုက်လေ့ရှိပါတယ်။ စပ်ဖျင်းဖျင်းနဲ့ဆိုတော့ ငယ်ငယ်ကတော့ အရမ်းစိတ်ညစ်တာပေါ့။ သောက်ပြီး အိပ်ပျော်သွားလို့ ပြန်နိုးလာရင် နေရထိုင်ရ ပိုကောင်းသွားပါတယ်။

အခုတော့ ဖျားရင် ဂျင်းလေးကို ပါးပါးလေးလှီးပြီး ဂျင်းရေနွေးကြမ်း လုပ်သောက်ပါတယ်။

ဂျင်းရဲ့ စပ်ဖျင်းဖျင်းအရသာက စိတ်ကိုကြည်လင်စေပြီး အော့အန်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။