သင့်ဦးနှောက်ကို ကျန်းကျန်းမာမာနဲ့ အချိန်ကြာကြာ အသုံးပြုချင်ရင် ဆင်ခြင်သင့်တဲ့ အစားအစာတွေကို ဝေမျှပေးချင်ပါတယ်။
အသင့်စား အစားအစာများ
အသင့်စား အစားအစာတွေက သင့်ဦးနှောက် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ပြည့်ဝဆီတွေ ပါဝင်မှုများပြီး၊ သကြားလည်း ပါဝင်မှုများတာကြောင့် ဦးနှောက်ကို ထိခိုက်စေပါတယ်။ အဲ့ဒီအပြင် အသင့်စား အစားအစာတွေ စားသုံးသူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က စိတ်ဓာတ်ကျမှုကို ခံစားနေရတတ်ပါတယ်။
ဒိုးနက်တွေလို ပြည့်ဝဆီပါဝင်မှုများတဲ့ အစားအစာများ
ဒိုးနက်လို ပြည့်ဝဆီပါဝင်မှုများတဲ့ အစားအစာတွေကလည်း ဦးနှောက်ကို ထိခိုက်စေပါတယ်။
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာများ
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေက သွေးတိုးစေရုံတာမက ဦးနှောက်ပိုင်းဆိုင်ရာ အာရုံကြောပြဿနာတွေဖြစ်စေနိုင်ပါတယ်။
သကြားဓာတ်များ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာများ
သကြားဓာတ်၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေက ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ဓာတ်ကျမှုကိုလည်း ဖြစ်စေပါတယ်။အဲ့ဒါကြောင့် ထမင်းအဖြူတွေကိုလည်း ညဘက်မှာ လျှော့စားသင့်ပါတယ်။