ဇီဝကမ္မဖြစ်စဉ်တွေ မြန်လာရင် အဆီလောင်ကျွမ်းမှုမြန်ပြီး ကိုယ်အလေးချိန် ကျစေပါတယ်။

ငရုတ်သီးတောင့်အနီ

စပ်တဲ့ အစားအစာတွေစားသုံးရင် ဇီဝကမ္မဖြစ်စဉ်တွေကို ၂၅ ရာခိုင်နှုန်းပိုမြန်စေပါတယ်။ စပ်တဲ့အစားအစာတွေမှာပါဝင်တဲ့ ငရုတ်သီးတောင့်အနီမှာ Capsaicin ကွန်ပေါင်းဓာတ်ပါဝင်တာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်အားကောင်းစေကာ အဆီလောင်ကျွမ်းအားကောင်းစေပါတယ်။

ဂေါ်ဖီပန်းပွင့်စိမ်း

ဂေါ်ဖီပန်းပွင့်စိမ်းမှာ ကယ်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် C, K နဲ့   A ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒီဓာတ်တွေက ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ဆဲလ်တွေကို ပျက်စီးမှုကနေကာကွယ်ပေးနိုင်ပါတယ်။

ကော်ဖီနဲ့ Green Tea

Japanese Green Tea

ကော်ဖီနဲ့ Green Tea က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး Antioxdiants ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။

ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

ဇီဝကမ္မဖြစ်စဉ်ကိုမြန်စေချင်ရင် ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကိုစားပါ။ နို့ထွက်ပစ္စည်းများက ကယ်ဆီယမ်ဓာတ်ကြွယ်ဝပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Tennessee တက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ကယ်ဆီယမ်ဓာတ် 1200 ကနေ 1300 milligrams ကယ်ဆီဓာတ် စားပေးသူဟာ ကယ်ဆီယမ်ဓာတ် စားသုံးတာနည်းသူထက် ၂ ဆနီးပါး ကိုယ်အလေးချိန် လျော့ကြောင်းတွေ့ရပါတယ်။