တဖြည်းဖြည်းနဲ့ အေးလာပြီနော်။ စွပ်ပြုတ်တွေ၊ ခေါက်ဆွဲပြုတ်တွေ မကြိုက်သူတွေအတွက် ခန္ဓာကိုယ်ကို နွေးစေတဲ့ အစားအစာများကိုဝေမျှချင်ပါတယ်။

ငရုတ်သီး

ငရုတ်သီးမှာ Capsaicin ဓာတ်ပါဝင်တာကြောင့် စားလိုက်ရင် ခန္ဓာကိုယ်ကို အပူဓာတ်တွေ ထုတ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် စပ်တဲ့ အစားအစာတွေ စားသုံးရင် ချွေးထွက်လာတာတို့ ပူလာတာတို့ ဖြစ်လာတာပါ။

ကြက်သွန်နီ

ကြက်သွန်နီက အေးတဲ့အချိန်မှာ ဖျားနေသူတွေအတွက် အားအင်တွေ ရှိလာအောင် ကူညီပေးပါတယ်။

ကြက်သွန်နီကို စားလိုက်ရင် ခန္ဓာကိုယ်အတွက် အားအင်တွေပေးနိုင်ပြီး အပူဓာတ်ကို ပိုထုတ်လုပ်ပေးပါတယ်။

ဂျင်း ရေနွေးကြမ်း

နွေးနွေးထွေးထွေး ရှိချင်ရင် ဂျင်းရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။ ရေနွေးပူပူထဲမှာ ဂျင်းအတုံးလိုက်ထည့်ပြီးသောက်ရင် ကိုယ်ခံအားကိုကောင်းစေပြီး၊ သွေးလည်ပတ်မှုကို ကောင်းစေကာ ခန္ဓာကိုယ်ကို နွေးစေပါတယ်။

နနွင်း

နနွင်းမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး ခန္ဓာကိုယ်ကို နွေးစေမှာပါ။