အကြောပြတ်ခြင်းဟာ ကြည့်ရဆိုးပြီး အလှပျက်စေမယ့် အရာထဲက တစ်ခုပါ။ ကလေးမီးဖွားပြီး အမျိုးသမီးတွေကတော့ ဗိုက်ကြေတွေ ပြတ်တတ်ကြသလို ကိုယ်အလေးချိန် ကျသွားတဲ့အခါ ဗိုက်ကြောတွေ ပြတ်ကျန်ခဲ့တတ်ပါတယ်။ ပေါင်၊ တင်ပါးတွေနဲ့ ဗိုက်တွေမှာ အဖြစ်များပြီး အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် နည်းလေးတွေကို မျှဝေချင်ပါတယ်။
ကြက်ဥအကာ
အမိုင်နိုအက်ဆစ်နဲ့ ပရိုတင်းဓာတ်တွေ အမြင့်ဆုံး ပါဝင်တဲ့ ကြက်ဥအကာဟာ အကြောပြတ်ခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကြက်ဥအကာကို ယူပြီး အကြောပြတ်နေတဲ့ နေရာတွေကို လိမ်းပေးနိုင်ပါတယ်။
လီမွန်
လီမွန် ဒါမှမဟုတ် သံပုရာ ဘာဖြစ်ဖြစ် ရပါတယ်။ အက်ဆစ်ဓာတ်ပါဝင်တဲ့ အတွက် အကြောပြတ်တဲ့ နေရာတွေကို အသာအယာ ပွတ်တိုက်ပေးပါ။
အာလူး
ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ အာလူးကို အသုံးပြုနိုင်ပြီး ထက်ခြမ်း ခြမ်းကာ အကြောပြတ်တဲ့ နေရာတွေကို ကပ်ထားပေးပါ။
ပျားရည်
ပျားရည်ကို နေ့တိုင်း အကြောပြတ်တဲ့ နေရာတွေပေါ်မှာ ခပ်ပါးပါး လိမ်းပေးရင် သိသိသာသာ သက်သာလာပါလိမ့်မယ်။
တရုတ်ဆီးသီး
တရုတ်ဆီးသီးဆိုတာ မက်မွန်သီးနဲ့ ဆင်တူပြီး ၀ါဖျော့ဖျော့ လိမ္မော်ရောင် ရှိတဲ့ အသီးပါ။ အကြောပြတ်ခြင်းကို သက်သာစေနိုင်တဲ့ အသီးတစ်မျိုးပါ။
Credit: zeenews