ဘယ်အသက်အရွယ်ပဲရောက်ရောက် လူတိုင်းက ဗိုက်ချပ်ချပ်လေးနဲ့ လှလှပပလေးဝတ်ဆင်နေကြမှာပါ။

အထူးသဖြင့် ကိုယ်လုံးအလှပေါ်စေမယ့် အဝတ်အစားတွေဝတ်ဆင်ရာမှာ ဗိုက်ပူနေရင် စိတ်ညစ်စရာပါ။

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးနဲ့ အညီအညွတ်ဆုံးပါဘဲ။ Non-Saturated ဆီတွေက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါဘဲ။ အာဟာရလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်က အာဟာရကို ကြွယ်ဝစွာရယူနိုင်ပြီး ဟော်မှုန်းတွေ ထိန်းညှိပေးကာ ကိုလက်စထရောဓာတ်ကိုလည်း လျော့ချပေးပါတယ်။

Almonds စေ့

Almonds စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ် နဲ့ ကယ်ဆီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်အတွက် အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် Almonds စေ့ကို သက်သတ်လွတ်သမားတွေနဲ့ အားကစားသမားတွေ စားပေးသင့်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး သွေးအတွင်း အချိုဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အဲ့ဒီအပြင် Omega 3 လည်း ကြွယ်ဝစွာပါဝင်တာကြောင့် အဝလွန်ရောဂါလိုမျိုးတွေကိုလည်း ကာကွယ်ပေးပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံကို တနည်းအားဖြင့် ကွေကာအုပ်လိုမျိုးပါဘဲ။ အုတ်ဂျုံကို စားထားရင် ဝမ်းဗိုက်ပြည့်သလိုခံစားရတာကြောင့် ကိုယ်အလေးချိန်ကို လျော့ချရာမှာ ကူညီပေးပါတယ်။ ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် မနက်စာအဖြစ် စားသုံးပေးတာအကောင်းဆုံးပါဘဲ။

အုတ်ဂျုံမှာ အဆိပ်အတောက်တွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တာကြောင့် သွေးအတွင်း ကိုလက်စထရောကိုလည်း လျော့ချပေးနိုင်ပြီး သွေးကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်၊ ဗီတာမင် စီ နဲ့ ကယ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက အူတွေကို အဆီဓာတ်တွေစုပ်ယူမှုကို နည်းစေပြီး သွေးလွှတ်ကြောမှာလည်း အဆီတွေ မပိတ်မိအောင် ကူညီပေးပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ကိုယ်ခံအားစနစ်ကို လျော့ချပေးပါတယ်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးတွေမှာ Omega 3 အက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကိုလက်စထရော၊ ဟော်မှုန်း တွေကို ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီအပြင် ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းစေကာ ဝမ်းဗိုက်က အဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေပါတယ်။