ရာသီဥတုဟာ ပူပြီဆိုရင် အရမ်းပူလာပြီး အသားအရေတွေ လောင်ကျွမ်းသွားပြီလား ထင်မှတ်ရအောင် ပူလှပါတယ်။ မိုးရာသီ ဆိုပေမယ့် နေထွက် လာချိန်တွေဟာ အိပ်မက်ဆိုးလိုပါပဲ။ နေလောင်ခြင်းဒဏ်ကို မိုးရာသီမှာပါ သတိထားရမယ့် အခြေအနေကို ရောက်နေပါပြီ။

ဒါပေမယ့် သင်ဟာ အစားအစာတွေနဲ့ နေလောင်ခြင်းကို ကာကွယ်နိုင်မယ်ဆိုရင် စိတ်ဝင်စားမှာ အသေအချာပါပဲ။ နေ့စဉ်စားနေတဲ့ အစားအစာတွေမှာပါ နေလောင်ခြင်းကြောင့် ဖြစ်မယ့် နောက်ဆက်တွဲ အန္တရာယ်တွေကို တိုက်ခိုက်ပေးမယ့် အစားအစာတွေ ရှိပါတယ်။

၁။ အာလူး

နေလောင်ခြင်းကြောင့် ဖြစ်လာတဲ့ အမည်းစက်တွေအပေါ်မှာ အာလူးကို လှှီးပြီး အုံထားပေးပါ။ အာလူးစားပေးရင်လည်း ရပါတယ်။ ဒါပေမယ့် ဝိတ်တက်လာမယ့် အန္တာရာယ်ကို ရှောင်ရှားခြင်းအားဖြင့် ပြင်ပကနေပဲအကူအညီ ယူရပါမယ်။

၂။ Green tea

iced-green-tea

Green tea ဟာ ဝိတ်ကျစေရုံမကဘဲ နေလောင်ခြင်းကြောင့် ဖြစ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းကိုပါ ပြန်လည် စိုပြည်စေဖို့ ကူညီနိုင်ပါတယ်။

၃။ သလဲသီး

pomegranates

UV ရဲ့ ထိခိုက်မှုကို အကောင်းဆုံး ကာကွယ်ပေးပြီး ellagic acid ကြွယ်ဝတဲ့ အစားအစာပါ။ အသားအရေအတွက် ဖျော်ရည်လုပ်သောက်ရင်လည်း ရသလို ဒီအတိုင်းလည်း စားနိုင်ပါတယ်။

၄။ စတော်ဘယ်ရီနဲ့ ဘယ်ရီသီးများ

strawberries

ဘယ်ရီသီးတွေကတော့ နေလောင်ခြင်းကို တားဆီးပေးတဲ့ အကောင်းဆုံး အသီးအနှံတွေပါပဲ။

၅။ သခွားသီး

cucumbers

သခွားသီးကတော့ အသားအရေအတွက်ကတော့ ဘုရင်ပါပဲ။ နေလောင်ထားတဲ့ နေရာကို သခွားသီး ကပ်ပေးနိုင်သလို အစားအစာအနေနဲ့လည်း စားပေးလို့ ရပါတယ်။ အလွယ်တကူ ဝယ်နိုင်တာကြောင့် အသုံးဝင်မယ့်နည်းတစ်ခုပါ။

၆။ မာလကာသီး

Fruit-guava

မာလကာသီးတွေဟာ Antioxidant ကြွယ်ဝပြီး Diet ဖြစ်စေတဲ့ အသီးပါ။ အပြင်သွားတဲ အခါတိုင်း နေလောင်ခြင်းကို ကာကွယ်ဖို့လည်း ကူညီပါတယ်။ ဗီတာမင်စီ ပါဝင်မှုကြောင့် အသားအရေ ထိခိုက်ပျက်စီးခြင်းကိုပြန်လည် ကောင်းမွန်အောင် ကူညီပေးပါတယ်။

၇။ ခရမ်းချဉ်သီး

superfood ပါ။ ခရမ်းချဉ်သီးကို စားရင်ပဲ ဖြစ်ဖြစ် အသားအရေပေါ်မှာ လိမ်းပေးရင်ပဲ ဖြစ်ဖြစ် အမည်းစက်တွေနဲ့ အသားအရေ မညီခြင်းတွေကို ထိရောက်စွာ ကူညီပေးပါတယ်။ နေရောင်ခြည်ကြောင့် ပျက်ဆီးသွားတဲ့ အသားအရေကို ခရမ်းချဉ်သီး စားပေးခြင်းနဲ့ ပြန်လည်ကုစားလို့ ရပါတယ်။

၈။ ရှားစောင်းလက်ပတ်

aloe

ရှားစောင်းနဲ့ လုပ်ထားတဲ့ အသားအရေ ထိန်းသိမ်းပစ္စည်းတွေဟာ အလွန်ရောင်းအား မြင့်တက်စေပါတယ်။ ကမ္ဘာကြီး ပူလာတာနဲ့ အမျှ ရှားစောင်းတွေဟာ အတော် အသုံးဝင်တယ်ဆိုတာ သိလာကြပါတယ်။ အသားအရေ အေးစေပြီး အသားအရေ မညီညာခြင်းနဲ့ အမည်းစက်တွေကို အထိရောက်ဆုံးက ရှောင်းစောင်းပါ။ ဖျော်ရည်အနေနဲ့လည်း သောက်ပေးလို့ ရသလို သတ္တုရည်ကို လိမ်းပေးရင်လည်း ရပါတယ်။

၉။ အစိမ်းရောင် အရွက်

green_0

အစိမ်းရောင် ရှိတဲ့ အရွက်တွေထဲကမှ ဆလပ်ရွက်ဟာ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ အသီးအရွက်တစ်မျိုးပါ။ နေလောင်ခြင်းကြောင့် ဖြစ်စေတဲ့ နာကျင်မှုတွေကို ဆလပ်ရွက်က တိုက်ထုတ်ပေးနိုင်ပါတယ်။

၁၀။ နွားနို့

MIlk
နွားနို့ဟာ ပရိုတင်းဓာတ် ပြည့်ဝတဲ့ အစားအစာ တစ်ခုဖြစ်ပြီး အရေပြားအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အဓိက ပေးစွမ်းပါတယ်။ ဒါ့အပြင် အသားအရေကို နို့နဲ့ ပေါင်းတင်ပေးခြင်းဟာလည်း ပျက်ဆီးနေတဲ့ အသားအရေကိုနဂိုအတိုင်း ပြန်ပြီး တင်းရင်းစေပါတယ်။

Credit: prevention.com