အရက်ကို ချင့်ချိန်သောက်ပြီး ဆေးလိပ်ကိုမသောက်ဘဲ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန် နေထိုင်စားသောက်မှုပုံစံနဲ့ နေထိုင်မယ်ဆိုရင် ကင်ဆာဖြစ်ပွားနိုင်ချေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို လျော့ချလို့ရပါတယ်။

ဒါ့ကြောင့် ကင်ဆာဖြစ်ပွားနိုင်ချေ နည်းအောင် ကူညီပေးနိုင်တဲ့ အစားအစာတွေကို ဝေမျှပေးချင်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါဝင်တဲ့ အနီရောင်ရှိတဲ့ ဓာတ်တွေက ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ အဲ့ဒီအပြင် ခရမ်းချဉ်သီးမှာ Lycopene ဓာတ်ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ချေကိုပါ လျော့ချနိုင်ပါတယ်။

Citric ဓာတ်ပါဝင်တဲ့ အသီးများ

သံပုရာသီး၊ သံပုယိုသီး၊ Grapefruits ၊ လိမ္မော်သီးတွေက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

သုတေသနတွေအရ တစ်ပတ်ကို Citric ဓာတ်ပါဝင်တဲ့ အသီး ၃ ခါစားသူတွေက တခြားသူတွေထက် ကင်ဆာဖြစ်ပွားနိုင်ချေ ၂၈ ရာခိုင်နှုန်းလျော့ချပေးပါတယ်။

စွံပလွန်သီး

စွံပလွန်သီးမှာ Polyphenols ဓာတ်၊ဗီတာမင် B6 နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

ဂျင်း

မီချီကန် တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့သုတေသနအရ ဂျင်းက မျိုးဥပြွန်မှာဖြစ်တတ်တဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ အဲ့ဒီအပြင် တခြား ကင်ဆာတွေကို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။