(Unicode)

ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေထဲမှာ နှလုံးကလည်း အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ နှလုံးအားကောင်းဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားသုံးရမယ့်အစား ကိုလက်စတောများပြားတဲ့ အစားအစာများ၊ အဆီဓာတ် များတဲ့အစားအစာများ စားသုံးမိတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဒဏ်တွေကိုလည်း ခံစားနေရပါသေးတယ်။

ဒါဆိုရင် နှလုံးအားကောင်းပြီး နှလုံးရောဂါ မခံစားရဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲ။

သဘာဝအဆီဓာတ် ကြွယ်ဝသော ငါးများ

ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ပင်လယ်ငါးသလောက် စတဲ့ ငါးတွေက အိုမီဂါ သရီး ဖက်တိအက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် အနည်းဆုံး စားသုံးသင့်ပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံက အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် မကောင်းတဲ့ ကိုလက်စတောပမာဏကို လျော့ချပေးတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အုတ်ဂျုံကို မနက်စာအဖြစ် စားသုံးပေးခြင်းက နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

ဘယ်ရီသီးများ

ဘလူးဘယ်ရီသီးနဲ့ စတော်ဘယ်ရီသီးများက သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာ အစွမ်းထက်တဲ့ သစ်သီးတွေပဲြဖ်စပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက်ကြောင့် နှလုံးအားကောင်းစေပါလိမ့်မယ်။

သဘာဝသံလွင်ဆီစစ်စစ်

တစ်နေ့ကို သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းခန့် မှီဝဲစားသုံးပေးခြင်းက ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ကိုလက်စတောကို လျော့ကျစေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ဝိုင်နီ

ဝိုင်နီကတော့ သွေးကြောထဲမှာ အနည်ထိုင်နေတဲ့ အဆီပိုများကို ဖယ်ရှားရာမှာ အစွမ်းထက်ပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံမမှီဝဲသင့်ဘဲ အနည်းအကျဉ်းမျှသာ သောက်သုံးသင့်ပါတယ်။

Green Tea

Green Tea ကို တစ်နေ့ တစ်ခွက် သောက်သုံးပေးရုံမျှဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုလက်စတောပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဒါတင်မကသေးပါဘူး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

ဟင်းနုနွယ်နှင့် ပန်းဂေါ်ဖီစိမ်း

ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ဒီဟင်းသီးဟင်းရွက်နှစ်မျိုးက နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဟင်းရွက်ပဲဖြစ်ပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့အတွက်ကြောင့် အစာချေစနစ်အတွက် အထူးကောင်းမွန်ပါတယ်။

Source: Brightside.me

(Zawgyi)

ခႏၶာကိုယ္တြင္းရွိ အဂၤါအစိတ္အပိုင္းေတြထဲမွာ ႏွလံုးကလည္း အေရးႀကီးဆံုး အဂၤါအစိတ္အပိုင္းေတြထဲက တစ္ခုပဲျဖစ္ပါတယ္။ ႏွလံုးအားေကာင္းဖို႔အတြက္ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အစားအစာေတြ စားသံုးရမယ့္အစား ကိုလက္စေတာမ်ားျပားတဲ့ အစားအစာမ်ား၊ အဆီဓာတ္ မ်ားတဲ့အစားအစာမ်ား စားသံုးမိတဲ့အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဖိစီးမႈဒဏ္ေတြကိုလည္း ခံစားေနရပါေသးတယ္။

ဒါဆိုရင္ ႏွလံုးအားေကာင္းၿပီး ႏွလံုးေရာဂါ မခံစားရဖို႔အတြက္ ဘယ္လိုအစားအစာေတြကို စားသံုးသင့္သလဲ။

သဘာဝအဆီဓာတ္ ၾကြယ္ဝေသာ ငါးမ်ား

ေဆာ္လမြန္ငါး၊ မက္ကရယ္ငါး၊ ပင္လယ္ငါးသေလာက္ စတဲ့ ငါးေတြက အိုမီဂါ သရီး ဖက္တိအက္ဆစ္ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ႏွလံုးက်န္းမာေရးအတြက္ အေထာက္အကူျပဳေစပါတယ္။ ဒါ့ေၾကာင့္ တစ္ပတ္မွာ ၂ ႀကိမ္၊ ၃ ႀကိမ္ခန္႔ အနည္းဆံုး စားသံုးသင့္ပါတယ္။

အုတ္ဂ်ံဳ

အုတ္ဂ်ံဳက အမွ်င္ဓာတ္ၾကြယ္ဝတဲ့အတြက္ေၾကာင့္ မေကာင္းတဲ့ ကိုလက္စေတာပမာဏကို ေလ်ာ့ခ်ေပးတဲ့အျပင္ အစာေခ်စနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။ အုတ္ဂ်ံဳကို မနက္စာအျဖစ္ စားသံုးေပးျခင္းက ႏွလံုးေရာဂါမျဖစ္ပြားေအာင္ ကာကြယ္ေပးပါတယ္။

ဘယ္ရီသီးမ်ား

ဘလူးဘယ္ရီသီးနဲ႔ စေတာ္ဘယ္ရီသီးမ်ားက ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးရာမွာ အစြမ္းထက္တဲ့ သစ္သီးေတြပဲျဖ္စပါတယ္။ ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတဲ့အတြက္ေၾကာင့္ ႏွလံုးအားေကာင္းေစပါလိမ့္မယ္။

သဘာဝသံလြင္ဆီစစ္စစ္

တစ္ေန႔ကို သံလြင္ဆီ စားပြဲတင္ဇြန္း ႏွစ္ဇြန္းခန္႔ မွီဝဲစားသံုးေပးျခင္းက ခႏၶာကိုယ္တြင္းရွိ မေကာင္းတဲ့ကိုလက္စေတာကို ေလ်ာ့က်ေစၿပီး ေသြးတြင္းသၾကားဓာတ္ကိုလည္း ထိန္းညွိေပးႏိုင္ပါတယ္။

ဝိုင္နီ

ဝိုင္နီကေတာ့ ေသြးေၾကာထဲမွာ အနည္ထိုင္ေနတဲ့ အဆီပိုမ်ားကို ဖယ္ရွားရာမွာ အစြမ္းထက္ၿပီး ကိုယ္အေလးခ်ိန္ကိုလည္း ေလ်ာ့က်ေစပါတယ္။ ဒါေပမဲ့ အလြန္အကြ်ံမမွီဝဲသင့္ဘဲ အနည္းအက်ဥ္းမွ်သာ ေသာက္သံုးသင့္ပါတယ္။

Green Tea

Green Tea ကို တစ္ေန႔ တစ္ခြက္ ေသာက္သံုးေပးရံုမွ်ျဖင့္ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို ျမွင့္တင္ေပးၿပီး ကိုလက္စေတာပမာဏကိုလည္း ထိန္းညွိေပးပါတယ္။ ဒါတင္မကေသးပါဘူး ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းညွိေပးႏိုင္ပါေသးတယ္။

ဟင္းႏုႏြယ္ႏွင့္ ပန္းေဂၚဖီစိမ္း

ဗီတာမင္ဓာတ္၊ သတၲဳဓာတ္နဲ႔ Antioxidants မ်ား ၾကြယ္ဝစြာပါဝင္တဲ့ ဒီဟင္းသီးဟင္းရြက္ႏွစ္မ်ိဳးက ႏွလံုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္တဲ့ ဟင္းရြက္ပဲျဖစ္ပါတယ္။ အမွ်င္ဓာတ္လည္း ၾကြယ္ဝတဲ့အတြက္ေၾကာင့္ အစာေခ်စနစ္အတြက္ အထူးေကာင္းမြန္ပါတယ္။

Source: Brightside.me