စိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်ကျ၊ စိတ်ဆင်းရဲတာတွေ ဖြစ်နေပါသလား။ ဒီအစားအစာတွေက သင့်ကို စိတ်ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Serotonin ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေက သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

Serotonin ဆိုတာဘာလဲ။

Photo Credit: Step to Health

95% သော Serotonin ဓာတ်ကို အူထဲမှာတွေ့ရပြီး 5% ကိုတော့ ဦးနှောက်မှာတွေ့ရပါတယ်။ Serotonin ဓာတ်က ဦးနှောက်ရဲ့ စိတ်ခံစားချက်ကို လွှမ်းမိုးမှုရှိပါတယ်။ ဒီဓာတ်က စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေကို လျော့ချပေးပါတယ်။

Serotonin ဓာတ်ကို တိုးမြှင့်ပေးနိုင်တဲ့ အစားအစာများ

နနွင်း

နနွင်းမှာ Antioxidants ဓာတ်တွေပါဝင်တဲ့အပြင် Serotonin ဓာတ်ကိုပါတိုးမြှင့်ပေးနိုင်တာကြောင့် သဘာဝ စိတ်ဓာတ်ကျမှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးတစ်မျိုးပါ။

နေကြာစေ့

နေကြာစေ့မှာ ကယ်လိုရီပါဝင်မှုနည်းပြီး Fatty အက်ဆစ်ပါဝင်မှုများပါတယ်။ အဲ့ဒီအပြင် Magnesium နဲ့ ဇင့်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒီသတ္တုဓာတ်တွေက ဟော်မှုန်းတွေကို ထိန်းညှိပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

အဲ့ဒီအပြင် သဘာဝ Fatty အက်ဆစ်တွေပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုအားကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး မှာ Tryptophan ဓာတ်ပါဝင်တာကြောင့် ဒီဓာတ်က ခန္ဓာကိုယ်မှာ Serotonin ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။