ကျောက်ကပ်က သွေးများကို စစ်ဆေးခြင်း၊ အဆိပ်အတောက်များကို ဆီးထဲမှတဆင့် ခန္ဓာကိုယ်ထဲမှ ဖယ်ရှားပေးခြင်း၊ ဟော်မှုန်းများ ထုတ်လုပ်ပေးခြင်း စသည့် အရေးကြီး တာဝန်တွေလုပ်ဆောင်ပေးပါတယ်

ကျောက်ကပ်အတွက် အန္တရာယ်များနိုင်သည့် အချက်တွေကတော့ သွေးတိုးနှင့် မထိန်းချုပ်နိုင်သည့် ဆီးချိုတွေကြောင့် ဖြစ်ပါတယ်။

အရက်၊ နှလုံး ရောဂါ၊ ဆီပိုး နှင့် HIV တွေကြောင့်လည်း အဖြစ်များကြပါတယ်။

ကျောက်ကပ်ရောဂါစဖြစ်ရင် သတိထားစားရမည့် အစားအစာများကို ဝေမျှပေးချင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ အမျှင်ဓာတ်၊ Antioxidant ဓာတ်၊ ကျန်းမာရေးအတွက် ကောင်းမွန်သည့် အဆီဓာတ်များ ပါဝင်နေပေမယ့် ကျောက်ကပ်ရောဂါ အခံရှိသူတွေကတော့ သတိထားစားသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပိုတက်ဆီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်နေလို့ပါဘဲ။ ထောပတ်သီး ၁၅၀ ဂရမ်မှာ ပိုတက်ဆီယမ် 727 mg ပါဝင်နေပါတယ်။

ပိုတက်ဆီယမ် စားသုံးမှုကို သတိထားရမည့် ကျောက်ကပ် ဝေဒနာရှင်များကတော့ ထောပတ်သိးကို သတိထားစားသင့်ပါတယ်။

စည်သွပ်ဗူးများ

ဟင်း၊ ဟင်းချို၊ ဟင်းသီးဟင်းရွက်၊ ပဲ စသည့် စည်သကွပ်ဗူးများသည် ဆိုဒီယမ် ပမာဏ ပါဝင်မှုများပါတယ်။ ကြာရှည်ခံအောင် ထည့်ကြတာဖြစ်ပါတယ်။

ဆိုဒီယမ်ပါဝင်မှုများတာကြောင့် ကျောက်ကပ်သမားများ သတိထားသင့်ပါတယ်။

အသင့်လုပ်ထားတဲ့ အစားအစာများ

ကြက်အူချောင်း၊ ဝက်အူချောင်းကဲ့သို့ အသင့်လုပ်ထားတဲ့ အစားအစာများမှာ ဆား၊ ကြာရှည်ခံပစ္စည်းများ ပါဝင်တာကြောင့် သတိထားသင့်ပါတယ်။

အာလူးကြော်၊ Crackers များမှာလည်း အာဟာရပါဝင်မှုနည်းပြီး ဆားပါဝင်မှုများလေ့ရှိတာကြောင့် သတိထားသင့်ပါတယ်။ပိုတက်ဆီယမ်ပမာဏလည်း ပါဝင်မှုများလေ့ရှိပါတယ်။