အချိုဓာတ်လွန်ကဲသော အစားအစာများ၊ အဆီအဆိမ့်များသော အစားအစာများ၊ ကျန်းမာရေးနဲ့ မညီညွှတ်သော သွားရေစာများက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အသားအရေအလှအပကိုလည်း ပျက်စီးယိုယွင်းစေပါတယ်။

ဒါက ဘာ့ကြောင့်လဲဆိုရင် သကြားဓာတ်များသော အစားအစာများ၊ ဆိုဒီယမ်နဲ့ ဆာလဖိတ်ဓာတ်များက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားအရေရဲ့ကောလဂျင်ကို အားနည်းသွားစေလို့ပဲဖြစ်ပါတယ်။

သင့် အနေနဲ့ အမြဲတမ်း ငယ်ရွယ်နုပျိုချင်တယ် အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို မခံစားချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို ရှောင်ကြဉ်ရပါလိမ့်မယ်။

သစ်သီး Smoothie ဖျော်ရည်များ

သစ်သီး Smoothie များက ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုပေမယ့် သကြားဓာတ် များလွန်းတဲ့အတွက်ကြောင့် အသားအရေတင်းရင်းမှုကို လျော့ရဲစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။

စွမ်းအားဖြည့် အချိုရည်များ

စွမ်းအားဖြည့်အချိုရည်တွေထဲမှာ သကြားနဲ့ ကာဖိန်းဓာတ်များ အလွန်အကျွံပါဝင်နေတတ်ပါတယ်။ ထိုအချိုရည်များက သင့်ရဲ့အသားအရေကိုသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဆီများများနဲ့ ကြော်ထားသော အစားအစာများ

ဆီကြော်စာတွေက သင့်ကို ရှိရင်းစွဲ အသက်အရွယ်ထက် ရုပ်ပိုရင့်စေပါတယ်။ ဆီကြော်စာတွေက ခန္ဓာကိုယ်ရှိ ရောင်ရမ်းစေသော ဒြပ်ပေါင်းများကို တိုးမြှင့်စေပြီး အရေးအကြောင်းတွေ အဖြစ်များစေပါတယ်။

သစ်သီးခြောက်များ

အရသာရှိတဲ့ သစ်သီးခြောက်တွေမှာ ဆာလဖိတ်ဓာတ်များ မြင့်မားစွာ ပါဝင်ပြီး ဆဲလ်၊ DNA နဲ့ ပရိုတင်းဓာတ်များကို ပျက်စီးစေပါတယ်။ ရလာဒ်အနေနဲ့ ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။

သကြားဓာတ် လွန်ကဲစွာ ပါဝင်သော ဒိန်ချဉ်များ

သကြား ပါဝင်မှုများတဲ့ ဒိန်ချဉ်များကို စားသုံးမိပါက ခန္ဓာကိုယ်ထဲရှိ အမိုင်နိုအက်ဆစ်ဓာတ်ကို ပြိုကွဲသွားစေပြီး အသားအရေကို လျော့တိလျော့ရဲ့ဖြစ်စေပါတယ်။

စာဖတ်သူတို့အနေနဲ့ မိမိအသားအရေအလှအပကို တန်ဖိုးထားတယ်ဆိုရင်တော့ အထက်ဖော်ပြပါအစားအစာများကို ရှောင်ကြဉ်ဖို့ လိုမယ်နော်။

Source: Brightside.me