အရက်နာကျတဲ့ဒဏ်ကို အရွယ်ရောက်ပြီးသူတိုင်း တစ်ကြိမ်တစ်ခါတော့ ခံစားဖူးကြမယ်ထင်ပါတယ်။ညဘက်မှာ ဘော်ဒါအပေါင်းအသင်းတွေနဲ့ အပျော်တွေကြူးခဲ့ပြီဆိုရင် နောက်တစ်နေ့မှာတော့ တော်တော်လေးကိုဆိုးရွားတဲ့ အရက်နာကျတဲ့ဒဏ်ကိုခံစားကြရမှာ ဧကန်မလွဲပါပဲ။ ဒီလိုအရက်နာကျတဲ့ ဝေဒနာကိုခံစားရပြီဆိုရင် အခုပြောပြမယ့်အစားအသောက်လေးတွေကိုသာ စားသုံးလိုက်ပါ။

(၁) မနက်စာ

Source : News Track English

အရက်နာကျတဲ့ မနက်ခင်းမှာ အစားစားချင်စိတ်ကတော့ နည်းနေမှာသေချာပါတယ်။ဒါပေမယ့်လည်း မနက်စာမဖြစ်မနေစားသုံးပေးခြင်းဖြင့် ပြို့အန်ခြင်း မူးဝေခြင်း ဝေဒနာတွေကိုသက်သာစေမှာဖြစ်ပါတယ်။အစာကျေလွယ်ပြီး အရဟာလည်းဖြစ်စေမယ့် ကြက်ဥ နွားနို့ လိမော်ရည် ဂျုံနဲ့ ပြုလုပ်ထားသောအစားအစားများ ငှက်ပျောသီးစသည်ဖြင့်စားသုံးပေးနိုင်ပါတယ်။

(၂) ဓာတ်ဆားရည်

Source : Republika

အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားဓာတ်ကိုအဓိက ရှုံးဆုံးသွားစေပါတယ်။ဒါကြောင့် နောက်တစ်နေ့ အရက်နာကျတဲ့ အချိန်မှာ အားအင်ချိနဲ့ခြင်း မူးဝေခြင်းတွေ ဖြစ်ပေါ်ခံစားရတာပါ။ဒါကြောင့် ခန္ဓာကိုယ်အတွက် အမြန်ဆုံး ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားရည်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

(၃) စွပ်ပြုတ်

Source : Food Network

အရက်နာကျတဲ့အချိန်ဟာ အစားစားချင်စိတ်ကို လျော့နည်းနေစေတာကြောင့် ဆီပြန်ဟင်းတွေ အသားဟင်းငါးဟင်းတွေထက်စာရင် ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ စွပ်ပြုတ်လေးတွေက ပိုပြီးသင့်တော်ပါတယ်။ ဟင်သီးဟင်းရွှက်အနည်းငယ်နဲ့ ဆီမပါတဲ့ စွတ်ပြုတ်လေးတွေက အရက်နာကျနေသူတစ်ယောက်အတွက် အစားစားချင်စိတ်ကို ပိုဖြစ်စေမှာဖြစ်သလို အားအင်ပြည့်ဝပြီး ပြန်လည် လန်းဆန်းလာစေမှာပါ။

(၄) အရည်ရွှမ်းတဲ့အသီး

Source : Incollingo’s Family Market

ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးအသီးတွေဖြစ်တဲ့ ဖရဲသီး ဆန်းကစ်သီး သခွားသီး ပန်းသစ်တော်သီး နာနတ်သီး စတဲ့အသီးတွေဟာ အရက်နာကျနေချိန်မှာစားသုံးဖို့အကောင်းဆုံးပါပဲ။ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်ဖို့ ရေများများသောက်ဖို့ကိုလည်း အကြံပြုချင်ပါတယ်။