လူတိုင်းက အရွယ်တင်နုပျိုပြီး အသက်ရှည်ရှည်နေချင်ကြပါတယ်။ အိုမင်းတာကို လူတိုင်း မရှောင်ဖယ်နိုင်ပေမယ့်လည်း စားသုံးလိုက်တဲ့ အစားအစာတွေကတော့ အရွယ်တင်နုပျိုအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။
နနွင်း
နနွင်းမှာ ကင်ဆာ ရောဂါကိုကာကွယ်ပေးနိုင်၊ ရောင်ရမ်းတာတွေလျှော့ချပေးနိုင်၊ အားရှိစေပြီး စိတ်ဖိစီးမှုလျှော့ချပေးကာ အရွယ်တင်နုပျိုစေပါတယ်။
ငါး
ငါးတွေမှာ Omega 3 Fatty အက်ဆစ်ဓာတ်တွေ ကြွယ်ဝတာကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို အသစ်ပြန်ဖြစ်စေပြီး သွေးအတွင်း ကိုလက်စထရောဓာတ်ကိုလည်း လျှော့ချပေးပါတယ်။ Antioxidants ဓာတ်တွလည်း ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြောင့် ပျက်စီးသွားတဲ့ဆဲလ်တွေပျက်စီးမှုကိုလည်း လျှော့ချပေးပါတယ်။
ဒါကြောင့် ငါးစားသုံးမှုများတဲ့ ဂျပန်နိုင်ငံမှာ အရွယ်တင်နုပျိုကြပြီး ကမ္ဘာ့အသက်အရှည်ဆုံး ဘိုး၊ဘွားတွေ နေထိုင်တဲ့ နိုင်ငံဖြစ်နေတာပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဖောလစ်အက်ဆစ်တွေ အပါအဝင် ကျန်းမာရေးအတွက် အာဟာရရှိတဲ့ ဓာတ်တွေအများကြီးပါဝင်ပါတယ်။
ခရမ်းချဉ်သီးမှာပါဝင်တဲ့ Lycopene ဆိုတဲ့ Antioxidant တွေက ဝိုင်အနီမှာပါဝင်တဲ့ Antioxidant ထက် ၁၄ ဆ ပိုများပါတယ်။
ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ပျက်စီးမှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
Antioxidants ဓာတ်တွေဟာ ထိခိုက်ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည် ပြုပြင်၊ ဖန်တီးပေးနိုင်စွမ်းရှိပြီးဆဲလ်တွေ ထိခိုက်ပျက်စီးမှုကနေလည်း ကာကွယ်ပေးတာကြောင့် အိုမင်းမှုကိုလည်း ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ပိုးဝင်သမျှအားလုံးကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ သွေးလည်ပတ်မှုကိုအားကောင်းစေပြီး ကိုလက်စထရောဓာတ်ကို ထိန်းညှိပေးကာ ကင်ဆာရောဂါအန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။