နှုတ်ခမ်းသားက မဲညစ်ညစ်ဖြစ်ပြီး ကြည့်ရဆိုးနေခြင်းက သင့်ရဲ့အစားအသောက် စားသုံးမှုစနစ်၊ နေလောင်ဒဏ်နှင့် သင့်ရဲ့လျစ်လျှူရှူမှုတွေအပေါ်မှာ မူတည်နေပါတယ်။ ထိုကဲ့သို့ နှုတ်ခမ်းသားလေး မလှမပဖြစ်နေတဲ့ အခြေအနေကို ယခုဖော်ပြမယ့် အစားအသောက်များ များများစားသုံးပေးခြင်းအားဖြင့် လှပတဲ့ အခြေအနေအဖြစ် ပြောင်းလဲနိုင်ပါတယ်။

ပျားရည်

ညအိပ်ရာဝင်ခါနီးမှာ ပျားရည်ကို နှုတ်ခမ်းသားပေါ်မှာ သုတ်လိမ်းပေးတာပဲဖြစ်ဖြစ် (သို့) ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် စားသုံးပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ ပျားရည်ထဲမှာ ပါဝင်တဲ့ Antioxidants နဲ့ သတ္တုဓာတ်များက နှုတ်ခမ်းသားရဲ့အရောင်ကို လှပစေပါတယ်။

ခရမ်းချဉ်သီး

ဆယ်လီနီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အနီရောင် ခရမ်းချဉ်သီးက နေလောာင်ဒဏ်ကြောင့် နှုတ်ခမ်းသား ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ နေ့စဉ် စားသုံးတဲ့အစားအစာတွေထဲမှာ ခရမ်းချဉ်သီးများများ ထည့်စားပေးခြင်း (သို့) သဘာဝခရမ်းချဉ်သီးအနှစ်ကို နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးခြင်းအားဖြင့် နေလောင်ဒဏ်မှာ ကာကွယ်လိုက်ပါ။

Green Tea

သင်က တစ်နေ့ကို ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်တဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်နှုတ်ခမ်းတွေ မဲညစ်ညစ်ဖြစ်နေရခြင်းရဲ့တရားခံက ကော်ဖီပဲဖြစ်ပါတယ်။ ကော်ဖီသောက်မယ့်အစား Green Tea သောက်မယ်ဆိုရင် အသက်အရွယ်ကြီးရင့်ခြင်းကြောင့် အရေးအကြောင်းဖြစ်ပေါ်ခြင်း၊ နေလောင်ဒဏ်၊ နှုတ်ခမ်းခြောက်ခြင်း၊ ကွဲအက်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က အသားအရေကို တင်းတင်းရင်းရင်းလေးနဲ့ အချိန်အကြာကြီး ငယ်ရွယ်နုပျိုနေအောင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် လှပတဲ့နှုတ်ခမ်းသားကို ပိုင်ဆိုင်လိုပါက ဒိန်ချဉ် စားသုံးပေးခြင်း (သို့) နှုတ်ခမ်းကို ဒိန်ချဉ်များ သုတ်လိမ်းပေးနိုင်ပါတယ်။

သံပုယိုသီး

သင့်ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ အညစ်အကြေး အဆိပ်အတောက်များကလည်း နှုတ်ခမ်းသားကို အရောင် မညီမညာဖြစ်စေပါတယ်။ ဒါဆိုရင်တော့ ရေနွေးနွေးလေးထဲကို သံပုယိုရည်ထည့်ကာ သမအောင်ဖျော်သောက်ပြီး ထိုအဆိပ်အတောက်များကို ဖယ်ရှားလိုက်ပါ။ ဒါမှမဟုတ် သံပုယိုသီးတစ်ခြမ်းကို သကြားအနည်းငယ် သုတ်လိမ်းပြီး နှုတ်ခမ်းသားပေါ်မှာ ပွတ်တိုက်ပေးနိုင်ပါတယ်။

Source: Femina.in