အသီးအနှံစားခြင်းဟာ ကျန်းမာရေးအတွက် သင့်တော်လို့ နေ့စဉ်ထည့်စားသင့်တယ်လို့သိထားကြပါတယ်။ အသီးအနှံတွေဟာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်ကြွယ်ဝတဲ့အပြင် နှလုံးရောဂါ ၊ကင်ဆာ စသည်တို့ကို ခုခံပေးတဲ့အတွက် အင်မတန်အရေးပါပါတယ်။
ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါ မသင့်တော်ရင်တော့ ကျန်းမာရေးအတွက်ဘယ်လောက်ကောင်းကောင်း သတိထားဖို့တော့လိုပါတယ်။ ပြောင်သလင်းခါနေတဲ့ အစာအိမ်အတွက်မသင့်တော်တဲ့ အစားအစာတွေရှိနေလို့ သတိပြုလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
၁။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ ဗီတာမင်ဓာတ်ကြွယ်ဝပေမယ့် အစာမရှိပဲ စားလိုက်တဲ့အခါ အစာအိမ်ထဲက အက်စစ်တွေနဲ့ထိတွေ့ပြီး အစာအိမ်ပိတ်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ အစာအိမ်ကိုဖိအားပေးခြင်းဖြင့် ဗိုက်နာစေတာကြောင့် အစာအိမ်ရောဂါရှိသူအဖို့ လုံးဝမတည့်ပါဘူး။
၂။ ချဉ်သောအသီးများ
လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီးတွေဟာ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်ဆီယမ် ကြွယ်ဝပေမယ့် အစာပြွန်ကို ဓာတ်မတည့်မှုဖြစ်စေပါတယ်။ အကယ်၍ အစာမရှိပဲ သစ်သီးဝလံစားချင်စိတ် ဖြစ်ပေါ်လာရင်တော့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဖရဲသီး၊ ပန်းသီးစသဖြင့်အစားထိုးစားပေးပါ။
၃။ ဂတ်စ်ပါသော အချိုရည်များ
တကယ်တမ်းဆိုရင်လည်း မသောက်သင့်ပါဘူး။ ဆိုဒါ ဂတ်စ်ပါသော အချိုရည်များဟာ ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသည်းပျက်စီးခြင်းကို ဖြစ်စေလို့ မသောက်သုံးသင့်ပါဘူး။ ဆိုဒါမှာသာမန်အားဖြင့် သကြား၉ ဇွန်းစားခန့်ပါရှိပါတယ်။ အစာအိမ်ဟောင်းလောင်းနဲ့ေ သာက်မိတဲ့အခါ သွေးထဲမှာရှိသင့်တဲ့ သကြားဓာတ်ထက် ၈ဆပိုပြီး ထိုးသွင်းလိုက်သလိုဖြစ်သွားတတ်လို့ အန္တရာယ်ရှိပါတယ်။
၎။ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်
မနက်ခင်းကော်ဖီသောက်တယ်ဆိုပေမယ့် အစာမရှိတဲ့အခါ ဟိုက်ဒရိုကလိုရစ် အက်စစ်များပြီး ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ အက်စစ်ဓာတ်များခြင်းက ပရိုတင်းဓာတ်ကို အစာမချေနိုင်တဲ့ အတွက် အူမကြီးကို ရောင်ယမ်းမှုဖြစ်စေပြီး အူမကြီးကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ ထိုနည်းတူ လက်ဖက်ရည်သောက်ခြင်းကလည်း သည်းခြေရည်ကိုနည်းစေပြီး အစာစားခြင်းစိတ်ကို ပျက်စီးစေပါတယ်။
ကျန်းမာတဲ့ ဘဝရယူလိုရင်တော့ ဒီအချက်အလက်ကလေးတွေကို လိုက်နာဖို့လိုပါတယ်နော်။ ကျန်းမာကြပါစေရှင်။