အအေးမိဖျားနာ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းများကတော့ ကိုယ်ခံအား ကျဆင်းခြင်းနှင့် အာဟာရမျှတစွာ မစားသုံးခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကိုဗစ်ဖြစ်ပွားနေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကို များများ မြှင့်တင်ပေးဖို့လိုပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အအေးမိဖျားနာခြင်းတို့ကို သက်သာစေဖို့အတွက်ဆိုရင် မိမိရဲ့စားသောက်မှုစနစ်ကို ဗီတာမင်နဲ့ အာဟာရဓာတ်တို့ ပြည့်ဝတဲ့အစားအစာများနဲ့ အစားထိုးသင့်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အစားအစာများကတော့ …

ပျားရည်

လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းကို အနာကျက်မြန်စေဖို့အတွက် ပျားရည်ကို အသုံးပြုခဲ့ကြတာပါတယ်။ ပျားရည်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် ခေါင်းဆိုးခြင်းကို တားဆီးပေးပြီး လည်ချောင်းနာခြင်း မဖြစ်ပွားအောင် ကူညီပေးပါတယ်။

သင့်ရဲ့တစ်နေ့တာကို ပျားရည်နဲ့ အစပြုချင်တယ်ဆိုရင်တော့ ရေနွေးနွေး တစ်ဖန်ခွက်ထဲသို့ ပျားရည်နှင့် သံပုယိုရည်တို့ထည့်ကာ သောက်သုံးပေးနိုင်ပါတယ်။

ကြက်ပြုတ်ရည်

Sam Gye Tang (Korean Ginseng Chicken Soup)

နေမကောင်းဖြစ်စဉ်မှာ မာတဲ့ အစားအစာတွေထက် ပျော့ပြီးတော့ ပူနွေးတဲ့အစားအစာများကို စားသုံးပေးသင့်ပါတယ်။ အရည်များများပါပြီး ပူပူနွေးနွေးနဲ့ စားလို့အကောင်းဆုံး အစားအစာကတော့ ကြက်ပြုတ်ရည်ပဲဖြစ်ပါတယ်။

ကြက်ပြုတ်ရည်က အစာချေဖျက်ရလွယ်ကူပြီး သတ္တုဓာတ်၊ ဗီတာမင်နဲ့ ပရိုတင်းဓာတ်မာျး ကြွယ်ဝစွာပါဝင်ပြီး ဖျားနာခြင်းကို ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဆိုလည်း မမှားပါဘူး။

ငှက်ပျောသီး

ငှက်ပျောသီးက အမျှင်ဓာတ်များ ပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဝယ်ရ လွယ်ကူသော သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ သူက ဖျားနာတဲ့ လူတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ကောင်းစွာ ပံ့ပိုးပေးနိုင်ပါတယ်။

ဂျင်း

ဂျင်းက ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ Antioxidants များ ကြွယ်ဝတဲ့အတွက်ကြောင့် ဖျားနာသူများ ကြုံတွေ့ရလေ့ရှိတဲ့ မူးဝေခြင်းကိုလည်း ကောင်းစွာ ကုသပေးနိုင်ပါတယ်။

ဂျင်းကို ရေနွေးပူပူ (သို့) စွပ်ပြုတ်ပူပူလေးထဲ အစိမ်းလိုက် ထည့်သောက်နိုင်သလို အခြားသော ဟင်းရွက်များနဲ့လည်း ပြုတ်သောက်နိုင်ပါတယ်။

Source: Femina.in