ကိုယ့်ချစ်သူနဲ့ ပထမဆုံး Date လုပ်တဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက် သိပ်လည်း မရင်းနှီးခင်သေးတာကြောင့် ကိုယ့်ချစ်သူရှေ့မှာ အမှတ်အပြည့်ယူချင်ကြတဲ့အချိန်လေးပါ။ ဒါ့ကြောင့် ဘယ်ဆိုင်မှာ ထိုင်မလဲဆိုတာကအစ ခေါင်းစားစရာဖြစ်လာပါတယ်။

ကိုယ့်ချစ်သူနဲ့ First Date မှာ စားသင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

Steak

အနောက်တိုင်းဆန်တဲ့ Beef Steak တို့ရတဲ့ ဆိုင်တွေသွားမလား။ ကိုယ့်ချစ်သူကို ကိုယ်က ရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်း ပြချင်ရင် Steak တွေရတဲ့ စားသောက်ဆိုင်တစ်ခုသွားပြီး Steak မှာ ကျွေးသင့်ပါတယ်။

အဲ့ဒါကျမှ Steak ဟင်းပွဲရောက်လာမှ ရုပ်ရှင်ကားထဲကလို ဟင်းတုံးလေးတွေကို ဓားနဲ့ ခရင်းသုံးပြီး ဖဲ့ပေးရင်းလည်း ဂရုစိုက်တယ်ဆိုပြီး အမှတ်ယူလို့ ရပါသေးတယ်နော်။ ဝိုင်လေးပါမှာသောက်လိုက်ရင်တော့ Perfect ဘဲပေါ့။

ဆူရှီ

ဂျပန် အစားအစာ ဆူရှီတွေရောင်းတဲ့ဆိုင်ကလည်း Date လုပ်လို့ကောင်းပါတယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ အေးဆေး စားသောက်ချင်ရင် ဆူရှီဆိုင်လေးကို ခေါ်သွားလိုက်ပါ။

ဆူရှီ ဟင်းပွဲလေးတွေက သေးသေးလေးနဲ့ လှလှပပလေးဖြစ်တာကြောင့် သင့်ချစ်သူကို ပျော်ရွှင်စေမှာပါ။ ကိုယ့်ရဲ့တူကိုင်တဲ့ စွမ်းရည်ကိုလည်း ပြသလို့ရတာပေါ့။

ကော်ဖီဆိုင်

Selfie ဆွဲတာ ဝါဿနာပါတဲ့ ချစ်သူလေးကို ရထားရင်တော့ ကော်ဖီဆိုင် လှလှလေးကို ခေါ်သွားလိုက်နော်။ အခုနောက်ပိုင်း Cappuccino တွေမှာ ကိုယ်ပြတဲ့ ဓာတ်ပုံအတိုင်း ဖျော်ပေးနိုင်တဲ့ ကော်ဖီဆိုင်တွေ ရှိလာပြီဆိုတော့ အဲ့ဒီဆိုင်လေးတွေမှာ သွားထိုင်သင့်ပါတယ်။ သင့်ချစ်သူက ပျော်ရွှင်ပြီး အမှတ်တွေ အများကြီးရမှာနော်။

ကိတ်နဲ့ ရေခဲမုန့်ဆိုင်

Cutie ချစ်သူလေးရထားရင်တော့ ချစ်ဖို့ကောင်းတဲ့ ရေခဲမုန့်နဲ့ ကိတ်ရောင်းတဲ့ဆိုင်လေးကို သွားနော်။

ရေခဲမုန့်စားရင်း Selfie လှလှလေး ဆွဲလို့ရပါတယ်။ ကိုယ့်ချစ်သူက ဆယ်ကျော်သက်လေးဆိုရင်တော့ သဘောကျနှစ်ခြိုက်မှာပါ။