မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်လေး အချောင်း (၃၀) က သင့်ရဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားတော့မှာဖြစ်ကြောင်း သက်သေပြနေတဲ့ သင်္ကေတလေးတွေပဲဖြစ်ပါတယ်။

အသက် (၃၀) ပြည့်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်းယိုယွင်းလာပြီး ခန္ဓာကိုယ်အလေးချိန် အတက်အကျ မြန်ဆန်လာပါလိမ့်မယ်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သင့်တဲ့အပြင် အစားအသောက်များကိုလည်း သေချာစိစစ် စားသုံးသင့်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာ ဆက်လက်ဖော်ပြပေးမှာကတော့ အသက် (၃၀) ကျော်လာတာနဲ့အမျှ လုံးဝမစားသုံးသင့်တော့တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

သကြား

မုန့်ပဲသရေစာများ၊ တာရှည်ခံအစားအစာတွေထဲမှာ သကြားကတော့ မပါမဖြစ်ပါဝင်လေ့ရှိကြပါတယ်။ သကြားဓာတ်များ အလွန်အကျွံစားသုံးတဲ့အခါ ကယ်လိုရီဓာတ်အမြောက်အမြားက တင်ပါး၊ ဝမ်းဗိုက်နဲ့ လက်မောင်း စတဲ့ နေရာတွေမှာ အဆီပိုတွေ စုသွားတတ်ပါတယ်။

ယမကာဖျော်ရည်များ

အယ်လ်ကိုဟော ပါဝင်တဲ့ ယမကာဖျော်ရည်များမှာ ကယ်လိုရီဓာတ်များလည်း မြင့်မားစွာပါဝင်ပါတယ်။ သင် အသက် (၃၀) ပြည့်တဲ့အခါမှာတော့ သင့် ခန္ဓာကိုယ်က ထိုကယ်လိုရီများကို ကုန်စင်အောင် လောင်ကျွမ်းပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဝိတ်အတက်မြန်စေပြီး ညဘက်မှာလည်း ကောင်းမွန်စွာ အိပ်စက်နိုင်မှာမဟုတ်တော့ပါဘူး။

ကာဖိန်းဓာတ်များ

အယ်လ်ကိုဟော ဖျော်ရည်များကဲ့သို့ပဲ ကာဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်များက သင့်ရဲ့အစားများများစားချင်စိတ်ကို လှုံ့ဆော်နေမှာပဲဖြစ်ပါတယ်။ ကာဖိန်းဓာတ်များကို မှီဝဲပြီးတဲ့အခါ တက်ကြွလန်းဆန်းနေတာကြောင့် သင့်ရဲ့ညဘက်အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်စက်ချိန်မလုံလောက်တဲ့အခါ သင့်ရဲ့အလှအပကို ထိခိုက်စေပြီး အိုမင်းရင့်ရော်စေနိုင်ပါတယ်။

ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားများ

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားများမှာ ကင်ဆာရောဂါကို ဖြစ်ပေါ်စေတဲ့ နိုက်ထရိတ် ဓာတုပစ္စည်းတစ်မျိုးပါဝင်ပါတယ်။ ဒါ့အပြင် သင့်နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ ပြည့်ဝဆီများ ပါဝင်ပါတယ်။

ဆား

သင့် ခန္ဓာကိုယ်က ဆားဓာတ်လိုအပ်တယ်ဆိုပေမယ့် ဆား အလွန်အကျွံစားသုံးခြင်းကတော့ သွေးတိုးရောဂါ၊ နှလုံးရောဂါ စတဲ့ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးကို မမေ့လိုက်ပါနဲ့။

Source: Nutritionexp.com