ကိုယ်အလေးချိန် လျှော့ချတော့မယ်ဆိုတာနဲ့  “မစားရ” စာရင်းထဲမှာ အများကြီးပါပဲနော်။ ဒါပေမယ့် ဒီလိုဘာမှမစားဘဲ နေယ့်အစား ကျန်းမာပြီး မျှတတဲ့ စားသောက်မှုပုံစံနဲ့ စားနိုင်တဲ့ အစားအစာမျိုးစုံကို စားပြီးနေတာက ပိုမကောင်းဘူးလားနော်။ ဒီအစားအစာတွေက အလွန်အာဟာရပြည့်ရုံသာမက ကိုယ်အလေးချိန်ကျဖို့လည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။

ထောပတ်သီး

အရသာရှိတဲ့ ထောပတ်သီးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုပါပဲ။ ထောပတ်သီးအလတ်စားတစ်လုံးမှာ အမျှင်ဓာတ် ၃ ဂရမ်စီပါရှိပြီး ဆာလောင်မှုကို ထိန်းထားဖို့ မပြည့်ဝဆီအက်ဆစ်များပါရှိပါတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ ထောပတ်သီးမှာ ပရိုတင်းများများမပါတာကြောင့် ပဲ၊ ပဲနီ၊ ဥ တို့လို ပရိုတင်းပါတဲ့အစားအစာတွေနဲ့ တွဲစားသင့်ပါတယ်။

အခွံမာသီး

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်လို့ပြောရင် အခွံမာသီးတွေကိုလည်း ချန်ထားလို့မရပါဘူး။ ကယ်လိုရီကန့်သတ်ထားတဲ့ အစားအစာတွေမှာ Pistachios ထည့်တာက ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်စေတဲ့အပြင် သွေးဖိအားကို လျှော့ကျစေတာမျိုး စတဲ့ကျန်းမာရေး အကျိုးကျေးဇူး တွေကိုလည်း  ပေးစွမ်းနိုင်ပါတယ်။

အစေ့အဆန်များ

အစေ့အဆန်တွေဟာ သေးငယ်ပေမယ့် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ တခြား အာဟာရဓာတ်များစွာပါဝင်ပါတယ်။ Chia စေ့မှာ အမျှင်ဓာတ်များစွာပါဝင်တာကြောင့် တစ်ရက်ကို Chia စေ့ 30 ဂရမ် (2 ဇွန်းခန့်) ကို 6 လကြာစားသုံးတဲ့လူက Chia စေ့မစားသူတွေထက် ကိုယ်အလေးချိန်ပိုကျသွားတာ တွေ့ရပါတယ်။

အာလူး

အလတ်စားအာလူးတစ်လုံးတွင် 151 ကယ်လိုရီပါဝင်ပြီး နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ 12% ခန့်ပါရှိပါတယ်။  ကန်စွန်းဥမှာ ဗီတာမင် A ကြွယ်ဝပြီး အာလူးဖြူမှာ သွေးဖိအားအတွက် အရေးကြီးတဲ့ ပိုတက်စီယမ်၊ ပိုတက်စီယမ်တို့ ပါ၀င်ပါတယ်။အာလူးတစ်လုံးစားတာက အစာစားချင်စိတ်ကို လျော့ပါးစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့ စားတဲ့ပုံစံရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကစီဓာတ်စွယ်စုံပါတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပါ။

သစ်သီး

အသီးအနှံအများစုဟာ အမျှင်ဓာတ်ကြွယ်ဝပြီး နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်သီးများများစားခြင်က ကိုယ်အလေးချိန် လျော့ချတာနဲ့ဆက်စပ်နေတာကြောင့် ကစီဓာတ်များတဲ့ ဒါမဟုတ် သကြားဓာတ်များတဲ့ အသီးအနှံတွေကို မစားဘဲမရှောင်သင့်ပါဘူး။ ဥပမာ ငှက်ပျောသီးမှာ ခံနိုင်ရည်ရှိတဲ့ ကစီဓာတ်တွေ ပါဝင်တာကြောင့် ကယ်လိုရီ လျှော့စားဖို့ ကူညီပေးနိုင်ပါတယ်။