မိုက်ခရိုဝေ့ဖ်ဆိုတာကတော့ အိမ်ရှင်မတိုင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿကုန်ဆုံး မသွားအောင် ကူညီပေးတဲ့ အဖိုးတန်မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ အစားအစာများကို မီးဖိုပေါ်မှာ နွှေးစားတာထက် မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး နွှေးတာက ပိုမိုလွယ်ကူမြန်ဆန်ပါတယ်။

ဒါပေမဲ့ အစားအစာတိုင်းကိုတော့ မိုက်ခရိုဝေ့ဖ်ထဲ မထည့်သင့်ပါဘူး။ နွှေးစားမိပါက အစားအစာထဲရှိ အာဟာရဓာတ်များ ပျက်ယွင်းသွားပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ဓာတ်ပြုပစ္စည်းများအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

ဘယ်လိုအစားအစာများကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်ကာ မနွှေးစားသင့်ဘူးလဲဆိုတာကို စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

ကြက်သား၊ ငါးနှင့် ကြာရှည်ခံအသားများ

ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ မှိုနှင့် စပျစ်သီးများ

ထမင်း၊ ပီဇာနှင့် တရုတ်အစားအစာများ

ကော်ဖီ၊ အရည်သောက်များ၊ ဆီ၊ အရည်ပျစ်သော ဟင်းရည်များ

မွေးကင်းစကလေးငယ်များကို တိုက်ကျွေးမယ့် ကလေးစာများ၊ နွားနို့များ

Source: Verywellfamily.com

အထက်ဖော်ပြပါအစားအစာများကို မိုက်ခရိုဝေ့ဖ်ထဲ နွှေးစားမယ့်အစား ရိုးရိုးမီးဖိုနဲ့သာ နွှေးသင့်ပါတယ်။ ကလေးဖြည့်စွက်စာများဆိုရင်လည်း ကလေးငယ်များ လျှာကျက်မသွားအောင် သေချာပြင်ဆင်သင့်ပါတယ်။

ဒါ့အပြင် အစားအစာများကို တစ်ကြိမ်ထက်ပိုပြီး နွှေးမစားသင့်ဘူးလို့လည်း အာဟာရပညာရှင်များက ပြောကြားထားပါသေးတယ်။

Source: Brightside.me