သင့်ခန္ဓာကိုယ်ကို အထောက်အကူပြုတဲ့ အစားအစာလေးတွေကို ဝေမျှပေးချင်ပါတယ်။

ပေါင်မုန့်

ပေါင်မုန့်မှာ ဗီတာမင် B6 ၊ ဗီတာမင် B9 တို့ပါဝင်တာကြောင့် အာရုံကြောစနစ်ကို အားကောင်းစေပြီး စိတ်ကို ပေါ့ပါးသွက်လက်စေပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ Magnesium နဲ့ တခြား သတ္တုဓာတ်တွေအများကြီးပါဝင်တာကြောင့် အားအင်တွေကို ပြည့်ဖြိုးစေပါတယ်။

ပါဝင်တဲ့ ပရိုတင်းဓာတ်က ကြွက်သားတွေနဲ့ အရိုးတွေတည်ဆောက်ရာမှာ အရေးကြီးပြီး၊ ကာဗိုဟိုက်ဒရိတ်က ဦးနှောက်ကို အာရုံစိုက်ရာမှာအားကောင်းစေပါတယ်။

ထောပတ်သီး

ထောပတ်သီးက နှလုံးကျန်းမာရေးကို အားကောင်းစေပါတယ်။ သွေးတိုးကိုကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

မုန်လာဥနီ

မုန်လာဥနီက ကိုယ်ခံအားစနစ်ကို ကူညီပေးပါတယ်။ မုန်လာဥနီမှာ Carotene ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်က  ဗီတာမင် A ပိုရအောင် ကူညီပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ပိုးမွှားတွေဝင်ရောက်မှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာပါဝင်တဲ့ ကစီဓာတ်က ဝမ်းဗိုက်ပြည့်နေအောင်ကူညီပေးနိုင်တာကြောင့် အစာခဏခဏ မစားဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အဲ့ဒီအပြင် Pectin ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Credit: www.brightside.com