အလေးအပင် မခြင်းကြောင့်ပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်ပဲ ဖြစ်ဖြစ်၊ နေထိုင်မှုပုံစံ မှားယွင်းခြင်းကြောင့်ပဲဖြစ်ဖြစ် ခါးဆစ်များ၊ ဒူးဆစ်များနဲ့ ခန္ဓာကိုယ်ရှိ အရိုးအဆစ်များ နာကျင်ကိုက်ခဲတတ်ပါတယ်။

ဆေးထိုးဆေးသောက်ခြင်းဖြင့် ခံစားရတဲ့ဝေဒနာကို လျော့နည်းသက်သာစေမှာဖြစ်ပေမယ့် ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ချေများပါတယ်။

ဘေးထွက်ဆိုးကျိုးများ မခံစားချင်ဘဲ နာကျင်ကိုက်ခဲမှုကို သက်သာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေမယ့် ဆေးဖက်ဝင်အရွက်များရဲ့ အကူအညီကို ရယူလိုက်ပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ထဲမှာ နာကျင်မှုကို သက်သာစေတဲ့ အစွမ်းထက်ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းဖြင့် ခြစ်ထုတ်ပြီးနောက် နာကျင်မှုခံစားရတဲ့နေရာပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။

နောက်နည်းလမ်းတစ်ခုကတော့ ရှားစောင်းလက်ပတ်ဆေးတောင့်လေးကို မှီဝဲပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ရှားစောင်းလက်ပတ်ဆေးတောင့်ကို သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်ထံမှ ခွင့်ပြုချက်ကို အရင်ဆုံး ရယူသင့်ပါတယ်။

ဂျင်း

တရုတ်တိုင်းရင်းဆေးပညာမှာဆိုရင် ဂျင်းက  သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါတင်မကပါဘူး။ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေခြင်း၊  ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပးခြင်း၊ မကောင်းတဲ့ကိုလက်စတောပမာဏကို လျော့ချပေးခြင်းအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

ဂျင်းကို အတုံးလိုက် အသုံးပြုနိုင်သလို၊ ထောင်းပြီးတော့ပဲဖြစ်ဖြစ်၊ ဂျင်းအမှုန့် (သို့မဟုတ်) ဂျင်းလက်ဖက်ရည်ကိုလည်း သောက်သုံးနိုင်ပါသေးတယ်။ ဂျင်းကို ပုံမှန်မှီဝဲစားသုံးပေးခြင်းက အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းမှ သက်သာစေပါတယ်။

Green Tea

ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးဖျော်ရည်ကတော့ Green Tea ပဲဖြစ်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားခြင်းမှ အစ ခန္ဓာကိုယ်ရှိအဆီပိုများကို ချေဖျက်ပေးခြင်းအထိ အစွမ်းထက်ပါတယ်။

အရိုးအဆစ်များ နာကျင်ကိုက်ခဲသူများအနေနဲ့ Green Tea လက်ဖက်ရည်ကို ပုံမှန်သောက်သုံးပေးရပါမယ်။ Green Tea ထဲသို့ ရှားစောင်းလက်ပတ် (သို့မဟုတ်) ဂျင်းတို့ကိုလည်း ထည့်သွင်းသောက်သုံးနိုင်ပါသေးတယ်။

နနွင်းမှုန့်

ဟင်းချက်တိုင်းမှာ နနွင်းမှုန့်ကို မဖြစ်မနေအသုံးပြုကြပါတယ်။ နနွင်းမှုန့် အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးကတော့ အရိုးပွရောဂါခံစားရခြင်းနဲ့ အရိုးအားနည်းခြင်းတို့မှ ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ နနွင်းမှုန့်ရဲ့ အနံ့နဲ့ အရသာကို မနှစ်သက်ဘူးဆိုရင်တော့ နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin ဓာတ်ပါဝင်သော ဆေးတောင့်များကို မှီဝဲသောက်သုံးနိုင်ပါသေးတယ်။

Source: Nutritionexp.com